Saturday, May 2, 2020

မလေးရှားမှာ တရားမဝင်နေထိုင်သူ ဖမ်းခံရတဲ့ထဲ ရိုဟင်ဂျာ တွေလည်းပါ

VOA  
ဗွီအိုအေ (မြန်မာပိုင်း)
02 မေ၊ 2020  
ကွာလာလမ်ပူမြို့လယ် အသွားအလာ ကန့်သတ်ထားသည့် နေရာတခုတွင် စောင့်ကြပ်နေသည့် မလေးစစ်သားတဦး။ (ဧပြီ ၇၊ ၂၀၂၀)
 
မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ ကြိုးပမ်းတဲ့ အစိတ်အပိုင်းတရပ် အနေနဲ့ တရားဝင်စာရွက်စာတမ်း မရှိဘဲ နေထိုင်တဲ့သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ မလေးရှား အာဏာပိုင် တွေဘက်က ပြောပါတယ်။
မလေးရှားနိုင်ငံရဲ့ မြို့တော် ကွာလာလမ်ပူမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ဒုက္ခသည် ၅၈၆ ယောက်ကို သောကြာနေ့က ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ကလေးငယ်တွေနဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေလည်း ပါဝင်တယ်လို့ လူ့အခွင့်အ ရေး အဖွဲ့တွေက ပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ် မပြုထားပါဘူး။

မလေးရှား အာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးတာကြောင့် အကာအကွယ်မဲ့သူတွေ အနေနဲ့ ပုန်းရှောင် တာတွေလုပ်ပြီး ကုသမှု ခံယူဖို့အတွက်ကိုလည်း တားဆီးလိုက်သလို ဖြစ်စေတယ်လို့ ကုလသမဂ္ဂက ပြောပါ တယ်။ 
SEE ALSO: မလေးရှား အာဏာပိုင်တွေဘက်ကတော့ အခုလို ဖမ်းဆီးတာဟာ ဗိုင်းရပ်စ်ကူးစက်မှုတွေ မပျံ့နှံ့အောင် ထိန်းချုပ်တဲ့အနေနဲ့ တရားဝင် စာရွက်စာတမ်းမရှိဘဲ နေထိုင်တဲ့သူတွေ တနေရာကနေ တနေရာကို မသွား နိူင်အောင် ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေ မဖြစ်အောင် ထိန်းချုပ်တဲ့အနေနဲ့ လူတွေကို ပြည် နယ်တခုကနေတခု မသွားလာဖို့ ကန့်သတ်ထားသလို ဘာသာရေးပွဲတွေ အပါအဝင် လူစုလူဝေးတွေ မ လုပ်ကြဖို့ကိုလည်း အာဏာပိုင်တွေက တားမြစ်ထားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ ရွှေ့ပြောင်းနေထိုင်သူတွေကို ဖမ်းဆီးတာတွေ မလုပ်ဖို့နဲ့ ဖမ်းဆီးထားတဲ့ ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်နေတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပြီး ထိန်းသိမ်းရေးစခန်းတွေအတွင်း လူတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးထားခြင်းက ဗိုင်းရပ်စ်ကူးစက်မှု အန္တရာယ်ကို ပိုဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း နိုင်ငံခြားကနေ ရွှေ့ပြောင်းဝင်ရောက်လာတဲ့သူတွေ အထူးသဖြင့် ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် မလေးရှားလူထုက ဒေါသထွက်ခဲ့ကြပြီးတဲ့နောက် အာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးခဲ့တာပါ။

မလေးရှားနိုင်ငံသား တချို့ကတော့ ရိုဟင်ဂျာတွေဟာ ဗိုင်းရပ်စ်ဖြန့်နေတဲ့သူတွေဖြစ်ပြီး သူတို့နိုင်ငံကိုလည်း ဝန်ပိစေတယ်လို့ စွပ်စွဲထားပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */