ဗွီအိုအေ (မြန်မာဌာန)
11 မေ၊ 2020
မအေးအေးမာ
COVID-19 အဖြစ်များနေတဲ့ မလေးရှားနိုင်ငံ ဆာလာရမ်းဘက်မှာ မြန်မာနိုင်ငံဘက်ကလာတဲ့ ရိုဟင်ဂျာ တွေ နဲ့ တရားမဝင်နေထိုင်သူတွေ များတာကြောင့် အဝင်အထွက် ကန့်သတ်ထားပြီး မလိုက်နာသူတွေကို ဖမ်းဆီးအရေးယူနေတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက ပြောပြပေးပါ မယ်။
11 မေ၊ 2020
မအေးအေးမာ
မေလ ၁၁ ရက်က မလေးရှားနိုင်ငံမှာ တရားမဝင်နိုင်ငံခြားသားတွေကို ဖမ်းဆီးနေတဲ့ မြင်ကွင်း (ဓာတ်ပုံ - U Thiha Maung Maung)
မလေးရှားနိုင်ငံ ဆာလာရမ်းဘက်မှာ ရိုဟင်ဂျာတွေနဲ့ တရားမဝင် မြန်မာနိုင်ငံသားတွေ အများစုရှိပြီး ကိုဗစ် ရောဂါဖြစ်တဲ့သူတွေ များနေတာကြောင့် မလေးရှားအာဏာပိုင်တွေက အဲဒီနေရာတွေမှာ ပိတ်ဆို့ပြီး ဖမ်းဆီး မှုတွေ လုပ်ခဲ့ကြောင်း မြန်မာအလုပ်သမား သံအရာရှိ ဦးအောင်ဇော်မင်းက ပြောပြပါတယ်။
တော့ သိပ်တော့ အရမ်းကြီးတော့ နားမလည်ဘူးဗျ။ အဲ့လိုဟာ မျိုးလေး တေါကြောင့်လည်းပါတယ်လို့ ပြော တယ်။ နောက်တခုက အဲ့ဘက်မှာ လောလော ဆယ် မြန်မာနိုင်ငံသား တဦးက ကူးစက်ပြီးတော့ဖြစ်တာ ဆို တော့ အဲ့ဘက်ကို အခုဖြစ်တာလည်း အဲ့ဘက်က အများဆုံးဖြစ်တာ ဆို တော့ အဲ့ဘက်ကို အနီရောင်အဆင့် သတ်မှတ်ပြီးတော့ အကုန်လုံးကို လော့ခ်ဒေါင်းချ ဘလော့တွေ အကုန်လုပ်ပစ်လိုက်တာပါ ခင်ဗျ။ ရိုဟင် ဂျာတွေ များတယ်။ မြန်မာမူဆလင်တွေ များတယ်။ တရားမဝင်တွေ များ တယ်။ တခြားသူတွေက နည်းတယ်။ လောလောဆယ်တော့ သူတို့တွေက ကိုဗစ်အဖြစ်များနေပါတယ်။"လောလောဆယ် အဝင်အထွက် ကန့်သတ်ထားပြီး Taman Sri Murni Selayang နဲ့ Selayang Pasaar Borong မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ သားများနဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို မေလ ၁၁ ရက်နေ့က ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။
မြန်မာနိုင်ငံက လာတဲ့ ရိုဟင်ဂျာတွေဟာ တတိယနိုင်ငံတွေမှာ ကုလသမဂ္ဂအစီအစဉ်နဲ့ ခိုလှုံခွင့်ရဖို့ မလေး ရှားနိုင်ငံကို တဆင့်ခံ ရောက်လာကြတာပါ။ မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ မလေးရှားမှာ အခု ဖမ်းဆီးမှုတွေဟာ မူရင်းနိုင်ငံကူးလက်မှတ် ဒါမှမဟုတ် ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံးက ထုတ်ပေးတဲ့ အထောက်အထား မပြနိုင်သူတွေကို ဖမ်းဆီးထားဖြစ် တယ် လို့ အဖမ်းဆီးခံမြန်မာတွေကို အကူအညီပေးနေတဲ့ ဦးသီဟအောင်းမောင်က ပြောပါတယ်။
မလေးရှား အစိုးရရဲ့ ရောဂါထိန်းချုပ်ရေးအမိန့် MCO အရ ကန့်သတ်စစ်ဆေးမှုတွေကြောင့် နေရပ်တွေပြန် ချင်သူတွေ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေ ပြန်ဖို့ကတော့ မလွယ်ကူလှ ပါဘူး။ တရားမဝင် မြန်မာနိုင်ငံသားတွေ ၃၀၀,၀၀၀ ထက်မနည်းရှိနေတဲ့ မလေးရှားနိုင်ငံမှာ နေရပ်ပြန်ချင် တဲ့သူတွေလည်း ရှိနေပါတယ်။ တရားမဝင်နေထိုင်နေသူတွေနဲ့ ပတ်သက်လို့ ကိုဗစ်အရေးပေါ် ကာလမှာ နေရပ်ပြန်ဖို့ကတော့မလွယ်ကူသေးကြောင်း ဦးအောင်ဇော်မင်းက ပြောပါတယ်။
"လောလောဆယ်တော့ အစိုးရဘက်က စီစဉ်ပေးလို့ မရဘူး။ ဒီဘက်အစိုးရအဖွဲ့အစည်းနဲ့ ညှိနှှိုင်းဆောင် ရွက်ပေးမှသာ လျှောလျှောရှှုရှှု ပြန်လို့ရမယ်။ လောလောဆယ်သူတို့ အားလုံးက ပိတ်မိနေတဲ့အထဲမှာ ပါပါ တယ်။ ကျနော်ကတော့ အလုပ်သမား သံအရာရှိဆိုတော့ သံရုံးကို တင်ပြကြည့်တယ်။
လောလောဆယ်တော့ အဲဒီလိုအခြအနေ မရှိသေးဘူး။ မလေးရှား လဝကဘက်ကနေ အရင်က ဖွင့်ပေးခဲ့တဲ့ B4 G Back For Good Program နေရပ်ရင်းကို ကောင်းမွန်စွာပြန်တဲ့ အစီစဉ်မျိုးတွေ ပြန်ဖွင့်ပေးမှသာ သူတို့ ကို အကူညီပေးနိုင်မှာ ဖြစ်ပါမယ်။ လောလောဆယ် သူတို့တွေက တရားမဝင်တွေဆိုတော့ ပြန်ဖို့ရာတော့ အခက်အခဲရှိနေပါတယ်။ သူတို့ကိုယ်တိုင်က အိုဗာစတေးဆိုတော့ အလုပ်ရှင်တွေကလည်းသူတို့ကို မ ထောက်ပံ့ဘူးလေ။ အိမ်လခကအစ သူတို့အစီစဉ်နဲ့ဆိုတော့ အိမ်လခကလည်း များတယ်။ အလုပ်အကိုင် အကိုင်ကလည်း မရှိဘူးဆိုတော့ အခက်အခဲတွေ ရှိတော့ သူတို့က အဲဒီလိုအခြေအနေနဲ့ ပြန်ချင်ကြတာပါ။"
COVID-19 ရောဂါကြောင့် ကူးစက်သူ ၆,၀၀၀ ကျော်ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ရောဂါထိန်းချုပ်ရေး အ တွက် တားဆီးကန့်သတ်မှုတွေကိုတော့ အစိုးရက ဇွန်လ ၉ ရက်နေ့အထိ နောက်ထပ် သီတင်း ၄ ပတ် သက်တမ်းတိုးလိုက်ကြောင်းလည်း မလေးရှားဝန်ကြီးချုပ်က မေလ ၁၀ ရက်နေ့က ကြေညာထားပါတယ်။
Link : Here


No comments:
Post a Comment