" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, June 3, 2012

တောင်ကုတ်တွင် မြန်မာမွတ်စလင်မ်(၁၀) ဦး ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရ၊




ယနေ့ ဇွန်လ ၃ ရက်နေ့ နေ့လည်ပိုင်းက သံတွဲမြို့ကနေ ရန်ကုန်ကို ထွက်ခွာလာသော ရိုးမသစ္စာအဝေး ပြေးကား သည် တောင်ကုတ်မြို့သို့အရောက်တွင် လူ(၃၀၀) ခန့်ရှိသော တောင်ကုတ်မြို့ သူမြို့သား ရခိုင် လူမျိုးများက တား ဆီးကာ ကားပေါ်တွင်ပါလာသော ခရီးသည်များမှ အစ္စလာမ်ဘာ သာဝင် မြန်မာမွတ် စ လင်မ် (၁၀) ဦးအား ရက် စက်စွာ အကြမ်းဖက် သတ်ဖြတ်ခဲ့ကြကြောင်း သတင်း ရရှိပါတယ်။


သံတွဲသစ္စာ ဗလီကနေ ရက်ပြည့်လို့ ရန်ကုန်ပြန်တဲ့ (၈)ဦးပါ ဂျမာအသ ်(ဂျမာအသ်ဆိုတာ အစ္စလာမ် ဘာ သာ ဝင်တွေ နေရာအချို့ကိုသွားရောက်ပြီး တရားထိုင်ကာ ဘာသာရေးတ ရားရေအေးတိုင် ပင်ဆွေးနွေး ကြခြင်း) ဖြစ် ပါတယ်။

အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင် တောင်တွင်းကြီးမြို့မှ မြန်မာမွတ်စလင်မ် (၆) ဦး၊ မြောင်းမြမြို့ မှ မြန် မာမွတ်စလင်မ် ၂ ဦး၊ံသံတွဲမြို့နေ မြန်မာမွတ်စ လင််မ် (၂) ဦးဖြစ်တယ်လို့ သိရပါတယ်။ သံတွဲမြို့မှ တစ် ဦးမှာ နာမည်ကြီးရှေ့နေ ဦးကျော်ဆင့်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ရက်စက်စွာ အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသူများတွင် စုံစမ်းသိရှိရသလောက်၊

၁။ ဦးနီဖေ ၈/တတက(နိုင်) ၀၉၅၅၄၈ အသက် ၅၈ နှစ်
၂။ ဦးမောင်နီ ၈/တတက (နိုင်) ၀၉၅၅၃၀ အသက် -၆၅ နှစ်၊
၃။ ဦးအေးလွင် ၈/တတက(နိုင်) ၀၉၃၅၇၃ အသက်-၅၂ နှစ်၊
၄။ ဦးလှမောင် ၈/တတက(နိုင်) ၀၉၄၅၅၇ အသက် ၅၀ နှစ်၊
၅၊။တေဇာမြင့် ၈/တတက(နိုင်) ၁၈၉၈၁၅ အသက် ၂၈ နှစ်၊
၆။ ကိုတင်မောင်ထွေး ၈/တတက(နိုုင်) ၂၃၁၀၈၄ အသက် ၂၁ နှစ်၊
၇၊ ကိုအောင်ဘိုဘိုုကျော် ၁၄/မလန(နိုင်) ၂၃၁၀၈၄ အသက် ၂၆ နှစ်၊
၈။ ကိုဇော်ညီညီထွဋ် ၁၄/မလန(နိုင်) ၁၄၈၁၃၃ အသက် ၃၃ နှစ်၊ ( ထပ်မံရရှိပါက ဆက်လက်ဖြည့်ပေးပါမည်)

ရက်စက်စွာ အကြမ်းဖက် အသတ်ခံရသူများ (၁၀) ယောက်တွင် ယာဉ်နောက်လိုက် တစ်ဦးနဲ့ ကားတာဝန်ခံ တစ် ယောက်လဲ ပါဝင်ကြောင်းသိရတယ်။ကား တာဝန်ခံ ကတော့ မိန်းကလေးလို့ သိရပါတယ်။

ဖြစ်စဉ်ကို ဖုန်းဆက်ပြီး စုံစမ်းရာ

” တောင်ကုတ်မြို့ လမ်းခွ လ.၀.က ဂိတ်မှာ ကားကို တားတယ်။ တားပြီး ကုလားတွေပါရင် ဆင်းခဲ့ အကုန် သတ်ပစ်မယ်လို့ အော်ဟစ်ပြီး တုတ်ဓားလက်နက်တွေနဲ့ အော်ဟစ်နေပါတယ်။

ကားတာဝန်ခံမိန်းကလေးက ကားတံခါးပိတ်ထားပြီး စပယ်ယာက ကားပေါ်ကဆင်းပြီး တောင်းပန်တယ်။ ဒါကို မရ တော့ဘဲ ကားပေါ် အတင်းတွန်းတက်သွားပြီး ကားပေါ်တွင် ပါလာသော မြန်မာမွတ်စလင်မ် များကို တွေ့တော့ အောက်ကို လှမ်းအော်တယ်။ “ဒီမှာ ကုလားတွေ ပါတယ်၊ ဒီမှာ ကုလားတွေဟေ့”လို့ အော်ဟစ် လိုက်တော့ နောက် ထပ်လူတွေ ပြေးတက်လာပြီး ကားပေါ်မှာတင် ရိုက်ရင်း ကားအောက်ကို ဆွဲခေါ်သွား တယ်။

တံခါးပေါက်က ဆင်းဆင်းခြင်းမှာတင် အောက်က လူအုပ်ကြီးက အသေအလဲ ၀ိုင်းရိုက်ရင်း (၈)ယောက်စ လုံး သေဆုံးသွားတယ်။ သူတို့ မလှုပ်ရှားတော့တဲ့အချိန်မှာ အားလုံး မှင်သက်ပြီး ကြောင်ကြည့်နေတုန်း စ ပယ်ယာကို ဟယောင် မင်းလဲ ကုလားပဲမဟုတ် လားလို့ မေးလိုက်တော့ နောက်က လူအုပ်ကြီးက ၀ိုင်းလာ ပြီး ပြောဆိုချိန်မရ တော့ဘဲ အကြမ်းဖက်သမား များ၏ ရက် စက်စွာ သတ်ဖြတ်မှုကြောင့် သေဆုံးသွား ခဲ့ရ သည်။

ကားတာဝန်ခံ အမျိုးသမီးကိုလဲ စပယ်ယာကို လုပ်နေတဲ့အချိန်မှာပဲ ဒီကောင်မလဲ ကုလားမပဲဟေ့လို့ဆိုပြီး မင်းတို့ ကုလားမတွေကိုလဲငါတို့ -ိုးသတ်မယ်။ ကောင်မလာခဲ့ဆိုပြီး လိုက်ဆွဲတယ်။ ကားတာဝန်ခံ အမျိုး သမီးက ကား အနောက်ပိုင်းကို ဝင်ပြေးတော့ အတင်းလိုက်ပြီး ဖမ်းတယ်။ ဆံပင်ကိုဆွဲပြီး အောက်ကို ဆွဲ ခေါ်သွားတယ်အောက် ရောက်တော့ ဟိုဆွဲဒီဆွဲဖြစ်ပြီး အကျႌအဝတ်အစားတွေ မရှိတော့ဘဲ ကိုယ်လုံးတီး ဖြစ်သွားပြီး တုတ်တွေနဲ့မိန်း မတွေက ခေါင်း၊ ခြေသလုံး၊ ခါး၊ လက်တွေကို ၀ိုင်းရိုက်တယ်။

ယောကျ်ားတွေက သူ့အင်္ဂါကို တုတ်တွေနဲ့ မသေမရှင်ဖြစ်နေချိန်မှာ ဆောင့်ထိုးတယ်။ ရင်သားတွေကို အပေါ်ယံ ရှပ် ပြီး တုတ်တွေနဲ့ ရိုက်ကြတယ်။ လည်ပင်းကို လမ်းမပေါ်မှာ ဆင်းထားပြီး လည်ချောင်းကို တုတ်နဲ့ရိုက်ရင်း သွေး သံတရဲရဲနဲ့ သေသွားတယ်။ “ လို့ မြို့ခံတစ်ဦးမှ ဖြေကြားခဲ့ပါတယ်။

ရိုးမသစ္စာကားတွေရဲ့ပိုင်ရှင်ဟာ မွတ်စလင်မ်ဖြစ်လို့ ကုလားပိုင်ကားဆိုပြီး ကားကိုလဲ ထုထောင်းထားတာ ရစရာမ ရှိအောင် ပျက်ဆီးကုန်ပြီး အခု အခင်းဖြစ်ပွားတဲ့မှာတင် ရပ်ထားကြောင်းသိရတယ်။

အဆိုပါကားမှာ သံတွဲမြို့မှ ညနေသုံးနာရီထွက်တဲ့ တောင်ကုတ်မှာဖြစ်တာက ၅-နာရီဝန်းကျင်ဖြစ်ကြောင်း သိရှိပါ တယ်။

အကြမ်းဖက် သတ်ဖြတ်ခြင်းခံရသော မြန််မာမွတ်စလင်မ်(၁၀) ဦးရဲ့ အလောင်းများကို တောင်ကုတ်မြို့ ညစျေး ရှေ့ တွင် စုပုံထားပြီး မိန်းမ၊ ယောကျ်ားများ အရက်သောက်ရင်း ကခုန်နေကြတယ်သိရပါတယ်။အလောင်းတွေ ပေါ်မှာလဲ အရက်ပုလင်းတွေကို လှမ်းပစ်တာတွေ၊ ကျင်ငယ်နဲ့ပန်းတာတွေ၊ အန်ချတာတွေ လုပ်နေကြတယ်လို့ သိရိရပါတယ်။

Source : MMSY
http://www.rohingyablogger.com/2012/06/blog-post_04.html 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */