" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 15, 2023

ရခိုင်တွင် ရိုဟင်ဂျာများ နိုင်ငံသားကတ်အတွက် သိန်းရာ ဂဏန်းအထိ ပေးနေကြရ

Myanmar Pressphoto Agency
by MPA
Mar 15, 2023
ရခိုင်ဒေသ, သတင်း

ရခိုင်တွင် ရိုဟင်ဂျာများ နိုင်ငံသားကတ်အတွက် သိန်းရာဂဏန်းအထိ ပေးနေကြရ


ရခိုင်ရှိ ရိုဟင်ဂျာအချို့သည် နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားပြုခွင့်ရ စိစစ်ရေးကတ်များ ရရှိရေးအတွက် စစ်ကောင်စီဝန်ထမ်းများကို သိန်းရာဂဏန်းအထိ ပေးနေကြရကြောင်း ရိုဟင်ဂျာများက အတည်ပြုပြော ကြား သည်။

အဆိုပါ ကတ်များ လျှောက်ထားရာတွင် ရပ်ကျေးစာရေး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဌာန၊ ရဲတပ်ဖွဲ့နှင့် လဝကတို့ကို အဆင့်ဆင့်ပေးနေကြရပြီး အနည်းဆုံး သိန်းငါးဆယ်မှ သိန်းတစ်ရာဝန်း ကျင် အထိ ပေးနေကြရသည်ဟု ဆိုကြသည်။


” ကတ်လျှောက်ဖို့ ရပ်ကျေးစာရေးဆီက ထောက်ခံစာယူကတည်းက ပေးရတာ ကတ်ထုတ်ပေးတဲ့ လဝကဝန် ထမ်း တွေ အထိပါ။ ကျနော်ဆိုရင် သိန်းတစ်ရာလောက် ကုန်ပါတယ်။ နှစ်နှစ်ကျော်မှရတာပါ” ဟု မောင် တော မြို့မှ နိုင်ငံ သားစိစစ်ရေးကတ်ပြုလုပ်ရရှိထားသည့် ရိုဟင်ဂျာတစ်ဦးက MPA သို့ ပြောသည်။

ရခိုင်ရှိ ရိုဟင်ဂျာများအားလုံးသည် လွတ်လပ်စွာ သွားလာခွင့်များနှင့် နိုင်ငံသားအခွင့်အရေးများ ဆုံးရှုံးနေကြရ သဖြင့် ငွေကြေးတတ်နိုင်သူများက ထိုကဲ့သို့ သိန်းပေါင်းများစွာ ငွေကုန်ကြေးကျခံပြီး ပြုလုပ်ရယူနေကြခြင်းဖြစ် သည်ဟု ရိုဟင်ဂျာအသိုင်းအဝိုင်းက ဆိုကြသည်။

ထို နိုင်ငံသားစိစစ်ရေးကတ်နှင့် နိုင်ငံသားပြုခွင့်ရစိစစ်ရေးကတ်မရှိသူများသည် လေယာဥ်စီးနင်းခွင့်၊ ခရီးသွားလာ ခွင့်များ မရသည့်အပြင် မြို့နယ်ကျော်ခရီးသွားမည်ဆိုပါက သက်ဆိုင်ရာ လဝကရုံးတွင် ခရီးသွားလာခွင့်လက်မှတ် ပုံစံ (၄) ကို တစ်လ၊ နှစ်လခန့် ကြိုတင်လျှောက်ထားကြရပြီး ငွေကြေးများလည်း ပေးနေကြရသည်ဟု ဆိုကြသည်။

ထိုကဲ့သို့ ကန့်သတ်တားမြစ်ချက်များကြောင့် ရခိုင်ရှိ ရိုဟင်ဂျာများထဲက ငွေကြေးတတ်နိုင်သူများသည် ကျန်းမာ ရေး၊ ပညာရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စများအတွက် သွားလာရလွယ်ကူစေရန် စစ်ကောင်စီဝန်ထမ်းများကို ငွေပေးကာ ပြုလုပ်နေကြသည်ဟု ဆိုကြသည်။

” ဒီမှာ နေသူတွေ ပိုက်ဆံရှိသူတွေက အစကတည်းက NVC တွေ လျှောက်ထား၊ ကိုင်ထားကြပါတယ်။ အဲဒီက တ ဆင့် ပြုကတ် (NVC က နိုင်ငံသားပြုခွင့်ကဒ်ရဖို့ နိုင်ငံသားကတ်လျှောက်ခွင့်ရဖို့ အကြိုစိစစ်ခံကတ်)၊ နိုင်ငံ တွေ လျှောက်ပြီး (မြန်မာနိုင်ငံအနှံ့) ရန်ကုန်အထိ သွားနေကြတာပါ။ ဘင်္ဂလီပဲရေးရေး၊ ဘာပဲရေးရေး ကတ် ရဖို့လို တော့ အဲဒါကို ဂရုမစိုက်ကြတော့ဘူး” ဟု ဘူးသီးတောင်မြို့ပေါ်မှ ရိုဟင်ဂျာလူကြီးတစ်ဦးက MPA သို့ ပြောသည်။

ထိုကဲ့သို့ စိစစ်ရေးကတ်များကို ရခိုင်တွင် မောင်တောခရိုင်နှင့် စစ်တွေခရိုင်ရှိ ရိုဟင်ဂျာများက အများဆုံးပြု လုပ် နေကြပြီး စာရွက်စာတမ်း၊ အချက်အလက်များ ပြည့်စုံသော်လည်း လက်မှတ်ထိုးထုတ်ပေးရသည့် လဝက အရာ ရှိများတောင်းသော ငွေကြေးပမာဏမရပါက ထုတ်မပေးဘဲ အချိန်ကြာအောင် ပြုလုပ်ထားကြောင်း ရိုဟင်ဂျာ များက ဆိုကြသည်။

ထိုအပြင် စာရွက်စာတမ်း၊ အချက်အလက်များ မပြည့်စုံသော်လည်း လက်မှတ်ထိုးထုတ်ပေးရသည့် လဝကအရာရှိ များတောင်းသော ငွေကြေးပမာဏရရှိပါက အမြန်ရရှိနေကြောင်းနှင့် စစ်ကောင်စီ၏ စစ်တပ်အရာရှိများ ကတ ဆင့်လည်း ပြုလုပ်ရရှိနေသည်များလည်း ရှိကြောင်း ရခိုင်မှ လဝကအရာရှိအချို့က MPA သို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများကို မြန်မာအစိုးရအဆက်ဆက်က နိုင်ငံသားအဖြစ် အသိအမှတ်မပြုသည့်အပြင် ရိုဟင်ဂျာဆိုသည်ကိုလည်း တရားဝင် အသိအမှတ်မပြုဘဲ ဘင်္ဂလီဟုသာ သုံးနှုန်းနေသေးကြောင်းလည်း ရိုဟင် ဂျာအသိုင်းအဝိုင်းက ဆိုကြသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ သုံးသန်းနီးပါးရှိနေပြီး အများစုသည် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသူများဖြစ်သလို အခြေခံ လူ့အခွင့်အရေးများဖြစ်သည့် လွတ်လပ်စွာသွားလာခွင့်များ ဆုံးရှုံးနေကြရသည်ဟု ဆိုကြသည်။

” ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့ လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံအတွင်း၌ နေထိုင်ကြပြီး ရခိုင်ပြည်နယ်ရှိ မွတ်ဆ လင်များသည် ကမ္ဘာပေါ်ရှိ နိုင်ငံမဲ့အုပ်စုများတွင် အကြီးဆုံး အုပ်စုတစ်စုဖြစ်ပါသည်။ ထိုလူ့အဖွဲ့အစည်းသည် ၎င်း တို့ ၏ အခြေခံရပိုင်ခွင့်နှင့် နိစ္စဓူဝကိစ္စရပ်များအပေါ်တွင် ကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရပါသည်” ဟု ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။


Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */