" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 19, 2023

အာချေးမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ ဆန္ဒပြခံရ

BBC
၁၉ ဒီဇင်ဘာ ၂၀၂၃

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်က ဆာဘန်ကျွန်းမှာ ခိုလှုံနေတဲ့ရိုဟင်ဂျာတွေနဲ့ သူတို့ကို အကူအညီပေး နေ တဲ့အဖွဲ့အစည်းတွေကို ရာနဲ့ချီတဲ့အင်ဒိုနီးရှားဒေသခံတွေက ဒီဇင်ဘာလ ၁၉ ရက်မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒေသန္တရအာဏာပိုင်တွေနဲ့ ဒေသခံတွေကတော့ ပြီးခဲ့တဲ့လအတွင်း လူပေါင်း တစ်ထောင်ကျော်အထိဖြစ်လာတဲ့ ရိုဟင်ဂျာတွေရောက်လာတာကို လက်မခံတော့ဘဲ ပင်လယ်ထဲကို ပြန်လွှတ်ဖို့အထိ ဖိအားပေးမှုတွေရှိနေပါတယ်

ဆန္ဒပြသူတစ်ဦးကတော့ ‘’အာချေးကို ရိုဟင်ဂျာတွေရောက်တဲ့အောင် လုပ်တဲ့နေရာမှာ ရာဇဝတ်ဂိုဏ်းတွေ ပါဝင် နေတယ်လို့ သတင်းတွေထွက်နေတယ်။ ရိုဟင်ဂျာတွေ ပင်လယ်ဖြတ်ရချိန်မှာ သေသေရှင်ရှင် သူတို့ ဂရုစိုက်မှာ မဟုတ်ဘူး။ သူတို့က ငွေရှာဖို့ပဲ စိတ်ဝင်စားတာ။ ဒီလူတွေကို ဖမ်းဆီးရပါမယ်။ အခုလည်း အာချေးကို ဝင်ဖို့ (ဆာဘန်ကျွန်း)မှာ ရိုဟင်ဂျာလှေ ၈ စီးလောက် ပင်လယ်ထဲ လှည့်လည်ခုတ်မောင်းနေတယ် ’’ လို့ အေဖက်ပီ သတင်းကို ပြောပါတယ်။

ပင်လယ်ကို စက်လှေနဲ့ဖြတ်ပြီး အာချေးပြည်နယ်ကို ဝင်ရောက်လာတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၂၀၁၅ ခုနှစ် ကတည်းကဆိုရင် အများဆုံးဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက စစ်တပ်ကပြုလုပ်တဲ့နယ်မြေရှင်းမှုတွေအတွင်း သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းဆီ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

အကူအညီရရှိမှု နည်းပါးလာတာ၊ လူမှုစီးပွားအကျပ်အတည်းကို ရင်ဆိုင်နေရတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင် ငံ ထဲက ဒုက္ခသည်စခန်းတွေထဲမှာနေထိုင်တဲ့ရိုဟင်ဂျာတွေဟာ ငွေကြေးအကုန်အကျခံပြီး အန္တရာယ်များပြားတဲ့ ပင်လယ်ပြင်ကို စက်လှေနဲ့ဖြတ်သန်းကာ မလေးရှားနဲ့ အင်ဒိုနီးရှားကို ရောက်အောင် ကြိုးပမ်းနေတာဖြစ်ပါတယ်။
အဲဒီလို နှစ်စဥ် ပင်လယ်ကို ဖြတ်သန်းဖို့ ကြိုးပမ်းတဲ့ ရိုဟင်ဂျာ ထောင်ချီရှိပြီး လူကုန်ကူးမှုသားကောင်ဖြစ်ကာ ပင်လယ်ပြင်မှာ သေဆုံးခဲ့ကြသူတွေလည်းရှိပါတယ်။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */