Sunday, July 21, 2019

တပ်မတော်က ရွာတွေထဲမှာ နေရာယူလာလို့ ရွာသား တွေထွက်ပြေး

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-07-21

ရခိုင်ပြည်နယ် အမ်းမြို့နယ် မဲသံကြိုးကျေးရွာက ရွာသားတွေ မြေပုံမြို့နယ် ကမ်းထောင်းကြီးကျေးရွာကို ၂ဝ၁၉ ဇူလိုင်လ ၂၁ ရက်နေ့က ထွက်ပြေးရောက်ရှိလာကြစဉ် Photo: RFA
 

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်အတွင်းက ပေါက်တူးတောင်နဲ့ ရေခေါင်းချိန်ကျေးရွာတွေကို အစိုးရတပ်မတော် က ဝင်ရောက်နေရာယူထားပြီး ရွာအနီးက တောင်ဆိပ်မြစ်အတွင်းမှာလည်း ရေတပ်ရေယာဉ်နှစ်စီး နေရာယူ ထားတဲ့အတွက် ဒေသခံတွေစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေပါတယ်။

အစိုးရတပ်က နေရာယူထားတဲ့အတွက် တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်အစပ် တောင်ဆိပ်မြစ်အတွင်းမှာရှိတဲ့ တပ်မေ တာ် ရဲ့ ရေယာဉ် ၂ စင်းကို ရက္ခိုင့်တပ်တော် AA ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်အပြီး မနေ့က တပ်မေ တာ်က ပေါက်တူးတောင်နဲ့ ရေခေါင်းချိန်ကျေးရွာတွေကို ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

နယ်မြေရှင်းလင်းဖို့ဆိုပြီး မနေ့က မနက် ၁၀ နာရီခန့်မှာ ပေါက်တူးတောင်ကျေးရွာကို တပ်မတော်က အင် အား ၇၀ ကျော်နဲ့ ရောက်ရှိလာခဲ့တာလို့ အမည်မဖော်လိုတဲ့ ပေါက်တူးတောင်ရွာသားတစ်ဦးက ပြောပါ တယ်။

“ရွာထဲမှာ စစ်တပ်တွေက အကုန်လုံးကိုဝန်းရံထားတယ်။ တောတောင်တွေထဲကို ပြေးနေရတယ်။ ရွာမှာနေ လို့ မရဘူး။ အင်အား ၇၀ လောက်ရှိတယ်။ မနေ့က ၁၀ နာရီလောက်ရောက်တာ။ နယ်မြေရှင်းလင်းဖို့ လို့ တော့ ပြောနေကြတယ်”

ပေါက်တူးတောင်ကျေးရွာမှာဆိုရင် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး ခန့်မှန်းခြေ လူဦးရေ ၃၀၀၀ ကျော် ရှိကြောင်းနဲ့ ရွာက ၃ ပုံ ၂ ပုံဟာ နီးစပ်ရာကျေးရွာတွေနဲ့ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင် နေကြတာဖြစ် ပါတယ်။

ပေါက်တူးတောင်ကျေးရွာက ဒေသခံတွေဟာ မြေပုံမြို့နယ်ထဲက ကမ်းထောင်းကြီးကျေးရွာကိုလည်း ထွက်ပြေးနေကြတာရှိပါတယ်။

တပ်မတော်ကနေရာယူထားတဲ့အတွက် တိုက်ပွဲဖြစ်မှာစိုးလို့ ပေါက်တူးတောင်ရွာသားတွေက ကမ်းထောင်း ကြီး ရွာကို ထွက်ပြေးလာကြတာလို့ အမည်မဖော်လိုတဲ့ မြေပုံမြို့နယ်ထဲက ကမ်းထောင်းကြီးကျေးရွာသား တစ်ဦးက ပြောပါတယ်။

“ပေါက်တူးတောင်က လူတွေက ထိတ်လန့်ပြီးပြေးနေကြတယ်။ စစ်တပ်က ပေါက်တူးတောင်ကို ရောက်နေ တယ်။ ဒီဘက်မှာက စစ်တပ်ရှိရင် စစ်ဖြစ်တယ်။ စစ်တပ်မရှိရင် ဘာမှမဖြစ်ဘူး အေးဆေးပဲ။ စစ်တပ်ရှိရင် စစ်ဖြစ် မှာကြောက်လို့ ပြေးတယ်။ စစ်တပ်မရှိရင် ဘယ်သူမှမပြေးဘူး”

ရွာသားတွေဟာ သူတို့အမည်ကိုထုတ်ဖော်ပြောမယ်ဆိုရင် မလိုလားအပ်ပဲ ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိနိုင်တဲ့အတွက် သူတို့အမည်တွေကို ထုတ်ဖော်မပြောလိုကြတာပါ။

ဒါ့အပြင် မြေပုံမြို့နယ်ထဲက ရေးခေါင်းချိန်ကျေးရွာကိုလည်း မနေ့က တပ်မတော်အင်အား ၇၀ လောက်နဲ့ ဝင်ရောက် လာခဲ့တာရှိတဲ့အတွက် ရွာသားတွေက ခေတ္တတိမ်းရှောင်နေခဲ့ပြီး သွားရေးလာရေး မလွယ်ကူ တာကြောင့် ရွာကို ဒီနေ့ပဲ ပြန်လာခဲ့ကြတယ်လို့ သိရပါတယ်။

ရေခေါင်းချိန်ရွာအတွင်း တပ်မတော်သားတွေက သူတို့ရွာအတွင်း ဝင်ရောက်နေမှုကို မစိုးရိမ်ဖို့နဲ့ လုပ်မြဲအ တိုင်း အလုပ်တွေ လုပ်ကိုင်ကြဖို့ ပြောတာတွေရှိပေမယ့် ဒေသခံတွေဘက်က စိုးရိမ်တာတွေတော့ရှိတယ်လို့ ရေခေါင်းချိန် ရွာသားတစ်ဦးက ပြောပါတယ်။

“စိုးရိမ်မှုတွေမရှိကြနဲ့ ဆိုင်ခန်းတွေလည်း ဖွင့်ကြ ဒီလိုတော့ရွာပတ်ပြီးတော့ ပြောတယ်လေ။ လူတွေလည်း ဘယ်ကိုမှ မသွားကြနဲ့ ပုံမှန်လုပ်လက်စရှိတဲ့ အလုပ်တွေကိုပဲ လုပ်ကြ စိုးရိမ်မှုတွေ မရှိကြနဲ့ ခုချိန်ထိတော့ စိုးရိမ်စရာဖြစ်အောင်မလုပ်သေးဘူး။ စစ်ဖြစ်မှာကို စိုးရိမ်ကြတာ။ တောသူ တောင်သားတွေက ဘာမှမသိ ကြဘူးလေ”

တိုက်ပွဲတွေကို ကြိုတင်ရှောင်တိမ်းတဲ့အနေနဲ့ မြေပုံမြို့နယ်အတွင်းက ကမ်းထောင်းကြီးနဲ့ သရက်တောင် ကျေးရွာက ဘော်ဒါဆောင်တွေ၊ ကိုယ်ပိုင်အထက်တန်းကျောင်းတွေလည်း ပိတ်ထားတယ်လို့ ပြောပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ရွာတွေအတွင်း ဝင်ရောက်နေတဲ့ တပ်မေ တာ် ရဲ့ သတင်းတွေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။

“ရွာထဲက ဘုန်းကြီးကျောင်းတွေမှာ နေတာပေါ့နော်။ ရွာထဲမှာ လည့်ပတ်ကြည့်နေတဲ့ သဘောတော့ ရှိ တာပေါ့။ ရွာတွေကို ဒုက္ခပေးတာမရှိဘူး။ ရွာသားတွေကတော့ တစ်ခုခုဖြစ်မလားဆိုပြီး စိုးရိမ်နေတယ်။ ကျနော်လည်း စောင့်ကြည့်နေပါတယ်။ ဘာရည်ရွယ်ချက်နဲ့ ရွာထဲကို ဝင်တယ်ဆိုတာတော့ မသိသေးဘူး စောင့်ကြည့်နေ ပါတယ်”

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား ဒီနေ့ မနက် ၁၂ နာရီခန့်အထိ တိုက်ပွဲဖြစ်တာ မရှိသေးဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

မြေပုံမြို့နယ်အတွင်း ကျေးရွာတွေမှာ တပ်မတော်က ဝင်ရောက်နေရာယူထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ အေ နာက် ပိုင်းတိုင်းစစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ပြောတာက

“ကျနော်တို့က ပုံမှန်နယ်မြေရှင်းတာတော့ လုပ်နေတာပေါ့နော်။ ကျနော် ခဏခဏပြောနေတာရှိတယ်။ ကျနော်တို့က တရားဝင်ဖွဲ့ထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ နိုင်ငံအချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်ပေးတဲ့အဖွဲ့ဖြစ်လို့ အများပြည်သူ ဒုက္ခရောက် အောင် မလုပ်ပါဘူး။ ကြောက်လို့ထွက်ပြေးတယ်ဆိုတာ ကျနော်တို့က ဘာမှလုပ်တာမဟုတ်ပါဘူး။ သူတို့က စိတ်မသန့် လို့ဖြစ်မှာပါ”

ဇူလိုင်လ ၁၉ ရက်နေ့က မြေပုံမြို့နယ်နဲ့ အမ်းမြို့နယ်အစပ် တောင်ဆိပ်မြစ်အတွင်း အစိုးရရေယာဉ် ၂ စင်း ကို AA ဘက်က တိုက်ခိုက်ခဲ့ရာမှာ အစိုးရတပ်မတော်ဘက်က ထိခိုက်မှုတွေများခဲ့တယ်လို့ AA က ပြောပြီး တပ်မတော် ဘက်က အနည်းအကျဉ်း ထိခိုက်မှုရှိသာရှိခဲ့ကြောင်းနဲ့ နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

( RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်။)

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */