နိရဉ္စရာ၊ ဇူလိူင် ၆/ ၂ဝ၁၉

သေဆုံးသွားသူ ပေါက်တူးတောင်ရွာ၊ အောင်သပြေရပ်ကွက်မှ မောင်ဘကျန် (၅၈) နှစ်နှင့် သမက်ဖြစ်သူ ပိုင် သက်ကျော် (၂၆) နှစ် တို့ဖြစ်ကြောင်း သိရသည်။
ပေါက်တူးတောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ရွှေက “ ဖြစ်တာက ည ၈ နာရီကျော်မှာဖြစ်တာပါ။ ကျွန်တော်က ကမ်းထောင်းကြီး စခန်းမှူး လာရောက်စစ်ဆေးတဲ့ အချိန်မှာ အိမ်ကို အတူ သွားရောက် စစ် ဆေးတော့ ကျည်ဆံခွံ ၇ ခုတွေ့ပါတယ်။ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေလည်း တွေ့ပါတယ်။ လည်ပင်း တွေမှာလည်း ပြတ်ရှဒဏ်ရာတွေတွေ့ရပါတယ်။ ဘယ်နှချက်ထိတယ်ဆိုတာကိုတော့ ဆေးရုံက စစ်ဆေးပြီး မှ သိရမယ်လို့ စခန်းမှူးက ပြောပါတယ်” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။
အိမ်ထဲသို့ မိုးကာအင်္ကျီ ခေါင်းချုပ်ကို ဦးခေါင်းကို ချုပ်ပြီး လူနှစ်ဦး ဝင်ရောက်လာပြီး တစ်ဦးမှာ အိမ်ပြင်တွင် ကျန်နေခဲ့ကြောင်း၊ ဦးမောင်ဘကျန်အား အိမ်ထဲ မီးဖိုချောင်းတွင် လဲ၍ သေဆုံးနေသည်ကို တွေ့ရပြီး သ မက်ဖြစ်သူ ပိုင်သက်ကျော်ကို အိမ်ရှေ့ ဝရန်တာတွင် သေဆုံးလျက်တွေ့ရကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူး က ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းသို့ ဆက်သွယ်ရာ ၎င်းလုပ်ကြံသတ်ဖြတ်မှုမှာ မှန်ကန်ကြောင်း ပြောကြားသည်။
“ ကျွန်တော်ကို ရွာသားတွေသတင်းပေးပို့ချက်အရ သိရတာက မျက်နာဖုံး ခေါင်းစွပ်ထားတဲ့ လူ ၃ ဦးကနေ ညနေ ထမင်းစားနေချိန်မှာ သေနတ်နဲ့ ဝင်ပစ်သွားတယ်လို့ သိရတယ်။ သူတို့က စားသောက်ဆိုင် ဖွင့်ထား တယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။
မြေပုံမြို့နယ် ကမ်းထောင်းကြီး ရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိက “ အသတ်ခံရတာ မှန်ကန်ပါတယ်။ နှစ်ဦး အသတ်ခံရတာ ဖြစ်ပါတယ်။ လောလောဆယ်တော့ စခန်းက သွားရောက်စစ် ဆေး နေတုန်းဖြစ်ပြီး ပြန်မရောက်သေးတဲ့ အတွက် အသေးစိတ် မပြောနိုင်သေးဘူး” ဟု ပြောကြားသည်။
ယခုအခါ အလောင်းများကို မြေပုံမြို့နယ် ကမ်းထောင်းကြီး တိုက်နယ်ဆေးရုံသို့ ဆေးစစ်ချက်ယူရန် နာရေး ကားဖြင့် သယ်ယူနေကြောင်း ရွာသားတစ်ဦးက ပြောသည်။
Tags:
မူခင်း
Link : Here
No comments:
Post a Comment