လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-09-17
ကမ္ဘာအနှံ့မှာရှိတဲ့ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခုက စုပေါင်းပြီး မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်ရက်စက်မှုကို ခံစား နေရတဲ့ ရခိုင်လူမျိုးတွေနဲ့ သူတို့ အတူတကွရှိကြောင်း ကြေညာချက်တစောင်ကို စက်တင်ဘာလ ၁၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်၊ သြစတေးလျ၊ ဂျပန်၊ နော်ဝေ၊နယ်သာလန်၊ အိုင်ယာလန်၊ ဆွီဒင်၊ ဒိန်းမတ်၊ ကနေဒါ၊ အမေရိကန်၊ မလေးရှားစတဲ့ ကမ္ဘာအနှံ့အပြားရှိ ရိုဟင်ဂျာအဖွဲ့အစည်း ၂၉ ခုက စုပေါင်းထုတ်ပြန်တဲ့ကြေညာချက်ကို မြန်မာစစ်တပ်၏ ရာဇ ဝတ်မှုကျူးလွန်ခြင်းကို ခံနေကြရသည့် ရခိုင်လူမျိုးများနှင့်အတူ ရိုဟင်ဂျာလူမျိုးများ စည်းလုံးညီညွတ်စွာ အတူတကွရပ်တည်လျက်ရှိခြင်း လို့ ခေါင်းစဉ်တပ်ထားပြီး မြန်မာ့တပ်မတော်ရဲ့ ရက် စက် ကြမ်းကြုတ်မှုကို သူတို့ ရိုဟင်ဂျာလူမျိုးတွေလည်း နှစ်များစွာ ခံစားနေရတဲ့အတွက် ရခိုင်လူမျိုးတွေကို စာနာကြောင်း၊ မြန်မာ့တပ်မတော်နဲ့ AA အကြားတိုက်ပွဲတွေကြောင့် အရပ်သားတွေ ထိခိုက်နေကြောင်း၊ တပ်မတော်က ထွက်ပြေးလာတဲ့ စစ်သား နှစ်ဦးကို ICC မှာ အခုထိန်းသိမ်းထားပြီး အဲဒီသူတွေကို လွှဲ ပြောင်းပေးရန် ကူညီဆောင်ရွက်ပေးသူအားလုံးကို ကျေးဇူးတင်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။
ကြေညာချက်ထုတ်ပြန်ရာမှာ ပါဝင်တဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအစည်းအရုံး ဥက္ကဋ္ဌ ဦးထွန်းခင်က လူနည်းစုအားလုံးအတွက် သူတို့လုပ်ဆောင်နေတာဖြစ်တယ်လို့ RFA ကိုပြောပါတယ်။
“ရခိုင် ညီအစ်ကို မောင်နှမများ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုပေါင်းစုံကို ခံစားနေရတယ်။ ကျနော်တို့ ရိုဟင်ဂျာ အားcလုံးက ရခိုင်ညီအစ်ကို မောင်နှမများနဲ့ စည်းလုံးစွာ ရပ်တည်တယ်။ ကျနော်တို့ ရိုဟင်ဂျာတွေလည်း မြန်မာစစ်တပ်ရဲ့ ရက်စက်မှုပေါင်းစုံကို နှစ်ပေါင်းများစွာခံစားခဲ့ရလို့ ကိုယ်ချင်းစာတယ်။ မြန်မာစစ်တပ် ဘယ် လောက်ရက်စက်သcလဲဆိုတာ ကျနော်တို့နားလည်တယ်။ ကမ္ဘာအရပ်ရပ်ရှိ ရိုဟင်ဂျာအဖွဲ့အားလုံးက မြန် မာ နိုင်ငံမှာရှိတဲ့ ရခိုင်၊ ကချင်၊ ကရင်၊ ရှမ်း အစရှိတဲ့ လူမျိုးစုအားလုံး တရားမျှတမှု ရရှိရေးအတွက် အစွမ်း ကုန်ကြိုးစားသွားမယ်”
ဒီကြေညာချက်ကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ဒု-ဥက္ကဋ္ဌ ဦးခင် မောင် မြင့် က ကြိုဆိုလိုက်ပါတယ်။
“သူတို့ဖြစ်နေတာကို ကျနော်တို့ ကိုယ်ချင်းစာတယ်။ ဒီလိုစစ်ပွဲတွေ ရပ်သင့်ပြီလို့ ယူဆတယ်။ နှစ်ဦးနှစ် ဖက် ကို ပြောတာပေါ့နော်။ ကြားထဲမှာ ပြည်သူတွေ မြေဇာပင်ဖြစ်တယ်။ ဒီလိုမျိုးတွေ ရိုဟင်ဂျာတွေ ပေး ဆပ်နေရတာ ဆယ်စုနှစ်ပေါင်း မနည်းတော့ဘူး။ ရခိုင်ညီနောင်တွေကတော့ သူတို့အတွက် ပထမအကြိမ် ဖြစ်ချင်ဖြစ်မယ်။ ဘယ်သူပဲဖြစ်ဖြစ် ဒီလို ခံစားနေရတာ ဘဝတွေပျက်နေရတာ မိသားစုတွေ ကွဲနေတာကို လုံးဝမလိုလားဘူး။ ဒါကြောင့် စစ်ပွဲတွေအမြန်ဆုံး ရပ်စေချင်တယ်။ ဒါမှလဲ မြန်မာပြည်ကြီး အေးချမ်းမယ်လို့ ယူဆတယ်။ ရခိုင်ပြည်ကြီး အေးချမ်းမယ်။ ဘယ်သူနဲ့ဖြစ်ဖြစ် ကျနော်တို့ လက်တွဲလုပ်ရပါစေ ငြိမ်းချမ်းရေးအတွက် ကျနော်တို့ လက်တွဲလုပ်ဖို့ အဆင်သင့်ရှိတယ်”
ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းဇံကလည်း ဒါဟာ အဖိနှိပ်ခံပြည်သူအချင်းချင်း သွေးစည်း မှုဖြစ် တယ်လို့ ဝေဖန်ပါတယ်။
“သူတို့ကို ကန့်သတ်မှုတွေရှိခဲ့တယ်။ သူတို့မှာ လူမှုရေးအရ နစ်နာဆုံးရှုံးမှုတွေရှိခဲ့တယ်။ နောက် ၂ဝ၁၂ ခုနှစ်က စပြီးတော့ ကြီးမားတဲ့ ပဋိပက္ခတွေနဲ့ အုပ်ချုပ်တဲ့ အစိုးရရဲ့ ဖန်တီးမှုတွေ၊ နောက် ၂ဝ၁၇ ခုနှစ်မှာ သူတို့ကို နိုင်ငံထဲမှာ နေထိုင်လို့မရအောင် အမြစ်ပြတ်ချေမှုန်းတဲ့ အခု ရခိုင်မှာ ရပ်ရွာတွေကို မီးရှို့သလို ခံ စား ကြုံတွေ့ခဲ့ရcတယ်။ ကျနော်တို့လို အဖိနှိပ်ခံပြည်သူတွေဘဝက တထပ်တည်းဖြစ်တယ်လို့ သူတို့ နားလည်ခံစားမှုပေါ်မှာ ကျနော်က ရခိုင်ပြည်သူတယောက်အနေနဲ့ ကြိုဆိုတယ်။ သူတို့ရဲ့လုပ်ဆောင်မှုကို ထောက်လည်း ထောက်ခံတယ်။”
The First Weekly Journal အယ်ဒီတာချုပ် ဦးအောင်စိုးသူ ကတော့ ဒီကြေညာချက်ရဲ့ အကျိုးသက် ရောက် မှုကို စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။
“ဒီကြေညာချက်ကို လေ့လာကြည့်တဲ့အခါမှာ သူ့တို့ရဲ့ဗျူဟာ တဖြည်းဖြည်းနဲ့ မြှင့်တင်လာတဲ့သဘောကို တွေ့ရပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အကုန်လုံးကို စည်းရုံးသိမ်းသွင်းလိုက်တဲ့ ကြေညာချက် တစောင် လဲဖြစ်တယ်။ AA က ဖမ်းဆီးထားတဲ့ တပ်မတော်သား နှစ်ဦးဟာ သူတို့လက်ထဲပဲ ရောက်နေတာလား ဒါလဲ စဉ်းစားစရာတချက်ပေါ့နော်။ ရခိုင်တိုင်းရင်းသားတွေကို ဘယ်လောက်ထိ စည်းရုံးနိုင်မလဲဆိုတာကတော့ ဆက်ပြီး စောင့်ကြည့်ရမှာဖြစ်ပါတယ်”
ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာစခန်းတခုမှာလည်း မြန်မာ့တပ်မတော်ရဲ့ လူသတ်ဝါဒကို ဆန့်ကျင်ကြောင်းနဲ့ ဖိနှိပ်ခံလူမျိုးပေါင်းစုံ ညီညွတ်ကြဖို့ မေတ္တာရပ်ခံတဲ့ ဆန္ဒပြပွဲတခု မနေ့က ပြုလုပ်ခဲ့ တယ်လို့ သတင်းရပါတယ်။
Link: Here

No comments:
Post a Comment