" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 23, 2019

စုံစမ်းစစ်ဆေးမှုတွေ စတင်ပြီလို့ ICC ရှေ့နေချုပ် ကြေညာ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
ခက်မာ
2019-11-22
ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးရဲ့ စွဲချက်တင်ရှေ့နေချုပ် Fatou Bensouda ကို တွေ့ရစဉ်
Photo: PETER DEJONG / POOL / AFP
                                      

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စတင်စုံစမ်းဖို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ခွင့်ပြုလိုက်တဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ စတင်တော့ မှာဖြစ်ကြောင်း ICC ရှေ့နေ ဖာတူး ဘင်ဆိုဒါ (Fatou Bensouda) က ပြောလိုက်ပါတယ်။

အမှန်တရားကို ဖော်ထုတ်ဖို့ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေဖြစ်အောင် ကြိုးပမ်း သွာ မယ် လို့လည်း မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့တာပါ။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် အစုလိုက် အပြုံလိုက် ထွက်ပြေးအောင် လုပ်ခဲ့ တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမှုကို စုံစမ်းခွင့်ပြုဖို့ ရှေ့နေ Bensouda က ဇူလိုင်လ ၄ ရက်နေ့မှာ လျှောက်ထားခဲ့ တာကို ICC က ဒီတစ်ပတ်ထဲမှာပဲ ခွင့်ပြုလိုက်ပြီးနောက် စုံစမ်းမှုတွေစတင်ဖို့ ကြေညာလိုက်တာလည်း ဖြစ် ပါတယ်။



ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ၂၀၁၀ ခုနှစ် ဇွန်လ ၁ ရက်နေ့ နောက်ပိုင်းကစလို့ ကျူးလွန်ခဲ့တာတွေအတွက် စုံစမ်းစစ်ဆေးမယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

ဖာတူး ဘင်ဆိုဒါရဲ့ လျှောက်ထားချက်ဟာ ကြောင်းကျိုးဆီလျော်တဲ့အတွက် ယုံကြည်လောက်တယ်လို့ ICC တရားသူကြီးတွေက သုံးသပ်လက်ခံခဲ့ပါတယ်။ သူတို့ သုံးသပ်ကြတာကတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာ လ ၉ ရက်ကတည်းကစပြီး ရိုဟင်ဂျာတွေဟာ သတ်ဖြတ်တာ၊ ဖမ်းဆီးထောင်ချတာ၊ နှိပ်စက်ညှဉ်းပန်းတာ၊ မုဒိန်း ကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာ အပါအဝင် အကြမ်းဖက်မှုတွေကို ကျယ်ကျယ်ပျံ့ပျံ၊ ဒါမှမ ဟုတ် စနစ်တကျ ကျူးလွန်တာခံခဲ့ရပြီး အဲဒီလို နိုင့်ထက်စီးနင်းပြုမှုတွေဟာ ရိုဟင်ဂျာတွေရဲ့ လူသားဖြစ် တည် မှုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာတွေကို တိုက်ခိုက်ချေမှုန်းဖို့ဟာ မြန်မာနိုင်ငံရဲ့ မူဝါဒဖြစ်နိုင်သလို မြန်မာစစ်တပ်၊ အစိုးရ ဌာနတွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပါဝင်ပတ်သက်မှု ကြီးကြီးမားမား ပါဝင်နေပြီး လုံခြုံရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံအရပ်သားတွေကလည်း အဲဒီကျူးလွန်မှုတွေမှာ ပူးပေါင်းပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံထဲက အကြမ်းဖက်မှုတချို့ကို ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်လို့ခေါ်တဲ့ ARSA က ကျူးလွန် ခဲ့တယ် ဆိုတာကိုလည်း သူသိထားတယ်လို့ မစ္စဘန်ဆိုတာက ပြောထားပါသေးတယ်။ တရားရုံးကို ပြော ကြား ထားတဲ့ အတိုင်း အဲဒီကျူးလွန်မှုတွေဟာ ရာဇဝတ်မှုသက်သက်လား၊ နိုင်ငံတကာသဘော တူညီ ချက်ကို ချိုးဖောက် ရာရောက်တဲ့ ရာဇဝတ်မှုတွေလားဆိုတာ ဆက်လက်စုံစမ်းစစ်ဆေးမယ်လို့လည်းသူက ပြောပါတယ်။

သူ့ရဲ့စုံစမ်းစစ်ဆေးမှုဟာ အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ လွတ်လပ်ပြီး ဘက်လိုက်မှုကင်းတဲ့ စုံစမ်းစစ်ဆေး မှုတွေ ဖြစ်အောင် ကြိုးပမ်းသွားမှာဖြစ်ပြီး အဲဒီလိုကြိုးပမ်းခြင်းအားဖြင့် ဒုက္ခသည်တွေနဲ့ သက်ဆိုင်သူ လူ့အ သိုင်း အဝိုင်းတွေအတွက် အမှန်မတရားကို ဆောင်ကျဉ်းပေးနိုင်မှာဖြစ်တယ်လို့ မစ္စဖာတူးဘန်ဆိုတာက ကြေညာချက် ရဲ့အဆုံးသတ်မှာ ပြောဆိုထားပါတယ်။

မြန်မာအစိုးရကတော့ မြန်မာနိုင်ငံဟာ ရောမစာချုပ်ကို လက်မှတ်ရေးထိုးထားတာမဟုတ်လို့ ICC နဲ့ ပတ် သက်ပြီး လက်မခံတဲ့အကြောင်းနဲ့ အရင်ကထုတ်ပြန်တဲ့ သဘောထားအတိုင်းပဲ ဖြေရှင်းမှာမဟုတ်ဘူးလို့ ပြောဆိုထား ပါတယ်။

လင့်၊https://www.rfa.org/burmese/news/icc-court-11222019221113.html

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */