ဗွီအိုအေ (မြန်မာဌာန)
24 ဇန်နဝါရီ၊ 2020
အင်ကြင်းနိုင်
24 ဇန်နဝါရီ၊ 2020
အင်ကြင်းနိုင်
ICJ နိုင်ငံတကာ တရားရုံးက ကြားဖြတ်အရေးယူ စီမံဆောင်ရွက်ချက်တွေ အမိန့် ချမှတ်လိုက်တာကို ကြည့် ရင် တရားရုံး စီရင်ပိုင်ခွင့်အပေါ် မြန်မာရဲ့ကန့်ကွက်ချက် ရှေ့ဆက် အောင်မြင်မှာ မဟုတ်ဘူးဆိုတာ အခိုင် အမာပြသလိုက်တာဖြစ်တယ်လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။ Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိ အဖြစ် လေးနှစ် ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာသဘော တူစာချုပ် နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက် ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီး သန့် ဆက်သွယ်မေးမြန်းထားပါတယ်။
Link : Here
No comments:
Post a Comment