VOA
ဗွီအိုအေ (မြန်မာဌာန)
13 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
မြန်မာကို အမှုဖွင့်တိုင်ကြားချက်နဲ့ပတ်သက်လို့ ICJ တရားရုံးအနေနဲ့ ပယ်ဖျက်ပေးဖို့ ဆိုတဲ့ တောင်းဆိုချက် အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့က နောက်ဆုံး လျှောက်လဲချက်တွေဟာ ICJ တရားသူကြီးတွေ လက်ခံစဉ်းစားဖို့ အတွက် ထိရောက်လွှမ်းမိုးနိုင်မှု မရှိခဲ့ဘူး လို့ နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker ကသုံးသပ်ပါတယ်။
13 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
နိုင်ငံတကာ ဥပဒေပညာရှင် Michael Becker နှင့် VOA အင်တာဗျူး
Michael Becker ဟာ ICJ နိုင်ငံတကာတရားရုံးမှာ ၂၀၁၀- ၂၀၁၄ခုနှစ်ထိ လက်ထောက် ဥပဒေအရာရှိ အ ဖြစ် လေးနှစ်ကြာလုပ်ခဲ့သူဖြစ်ပြီး၊ မြန်မာကို အခြားနိုင်ငံတနိုင်ငံက လူမျိုးတုံး သတ်ဖြတ်မှု ဆိုင်ရာ သဘော တူစာချုပ်နဲ့ပတ်သက်ပြီး ICJ တရားရုံးမှာ အမှုဖွင့်တရားစွဲနိုင်တဲ့ အလားအလာဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းကို ၂၀၁၈ ခုနှစ်က ရေးသားပြုစုခဲ့သူလည်းဖြစ်ပါတယ်။ အခုလက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေ ဘာ သာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ်တဲ့ Mr. Becker နဲ့ မအင်ကြင်းနိုင်က Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားပါတယ်။
အင်ကြင်းနိုင်။ ။ အခုနောက်ဆုံး ICJ တရားရုံး ကြားနာပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ရဲ့ အပိတ်လျှောက်လဲှချက်ကို ဘယ်လိုမြင်လဲရှင့်။
Michael Becker ။ ။ ဒီသီတင်းပတ်အတွင်း သုံးရက်ကြာ ကြားနာပွဲပြုလုပ်ခဲ့တဲ့နေရာမှာ ဒီကနေ့ မြန်မာဘက် က ဒုတိယအကြိမ် ပြန်လည်လျှောက်လဲှချက်လုပ်ပါတယ်။ မေးခွန်းကို ဖြေရမယ်ဆိုရင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ အပြီးသတ်လျှောက်လဲှချက် အတိုချုပ်သဘောမျိုးပဲ တင်ပြသွားတာပါ။ အဲဒီထဲမှာ အချက်နှစ်ချက် ကို သူက တင်ပြခဲ့ပါတယ်။ ပထမ တချက်က ICJ တရားရုံးကနေ မြန်မာအမှုကို ပယ်ဖျက်ပေးဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော် အသေအချာပြောနိုင်တာကတော့ သူပြောသလို တရားရုံးက အမှုကိုပယ်ဖျက်ပေးဖို့ ဆို တာ ဖြစ်လာလိမ့်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခု ကြားနာတဲ့ကိစ္စက ကြားဖြတ်စီမံဆောင်ချက် တွေ ချမှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ဂမ်ဘီယာဘက်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။
မြန်မာက လူမျိုးတုန်းသတ်ဖြတ်မှု တားဆီး၊ အပြစ်ပေးရေး စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက်တင်ထား တဲ့ အမှု စီရင်ဖို့ နှစ်များစွာကြာမှာဖြစ်တဲ့အတွက် လောလောဆယ် အခြေအနေတွေ အခုထက်ပိုပြီး ဆိုးရွားမ သွားအောင် ထိန်းချုပ်တဲ့အနေနဲ့ အရေးပေါ်ကြေညာချက် အမိန့်မျိုး ထုတ်ပြန်ပေးဖို့ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသလိုမျိုး တရားရုံးကနေ မြန်မာကို ကြားဖြတ်စီမံဆောင်ရွက်ချက် အ တွက် အမိန့်ချမှတ်ပေးဖို့ လျှောက်ထားချက်ကို ပယ်ဖျက်ပေးပါဆိုတဲ့အချက်က မဖြစ်နိုင်ပါဘူး။
နောက်တချက်ကတော့ ဒီကနေ့ သူပြောသွားတဲ့အထဲမှာ အလေးအနက်ထောက်ပြခဲ့တဲ့အချက်ဖြစ်တဲ့ ရခိုင် ပြည်နယ်မှာ အရင်အတိတ်က အခြေအနေတွေ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ အခုတော့ အခြေအနေတွေပြန်ပြီး ကောင်းမွန်လာနေပြီလို့ ဆိုပါတယ်။ ပြန်လည်ရင်ကြားစေ့ရေး အစီအစဉ်တွေ အကောင်အထည်ဖေါ်နေတာ၊ ဒေါ်အောင်ဆန်းစုကြည် လုံးဝသုံးနှုန်းမသွားတဲ့ ရိုဟင်ဂျာ တွေ နေရပ်ပြန်ရေး အခြေအနေတွေ ဖန်တီးပေး
နေ တာ စတဲ့ အပြုသဘောဆောင်တဲ့ အခြေအနေတွေကို သူက ပြောသွားပါတယ်။ အခြေအနေတွေ ကောင်းလာပြီဖြစ်တဲ့ အတွက် စိုးရိမ်စရာ အန္တရာယ်တွေအဲဒီမှာ မရှိတော့ဘူး၊ အရေးပေါ် အခြေအနေမျိုး ဆိုတာ မရှိတော့တဲ့အတွက် ကြားဖြတ်စီမံဆောင်ရွက်ချက်ဆိုတာမျိုး မလိုအပ်ဘူးလို့ ဒေါ်အောင်ဆန်း စု ကြည် က ခုခံချေပခဲ့တာဖြစ်ပါတယ်။ ဒါပေမယ်လို့ ကြားဖြတ်စီမံဆောင်ရွက်ချက်များ အရေးပေါ်ထုတ်ပြန် ပေးဖို့အတွက် သီးသန့်အနေနဲ့ တဘက်က လျှောက်လဲတင်ပြထားချက်ကို တကယ်တမ်း စဉ်းစားဆုံးဖြတ် မယ့် တရားသူကြီးတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခုခံချေပချက်တွေက လွှမ်းမိုးမှုရှိမှာ မဟုတ်ပါဘူး။
အင်ကြင်းနိုင်။ ။ Prima Facie jurisdiction တရားရုံးက ဥပဒေကြောင်းအရ စီရင်ပိုင်ခွင့်ရှိမရှိကို ဆုံးဖြတ်ပေး ဖို့ဆိုတဲ့အချက်ကို အဓိက အပြန်အလှန်လျှောက်လှဲကြရာမှာ မြန်မာဘက်က ဥပဒေပညာရှင်တဦးဖြစ်တဲ့ Mr. Christopher Staples ဘက်က အဓိက ချေပခဲ့တဲ့အချက်က ဂမ်ဘီယာဟာ OIC ရဲ့တဆင့်ခံအဖြစ် တရားစွဲတာဖြစ်တယ်။ ဒါကြောင့် လူမျိုးုတုန်းသတ်ဖြတ်မှု စာချုပ်မှာ လက်မှတ်ရေးထိုးမထားတဲ့ OIC ကိုယ် စား ပြုပြီး ဂမ်ဘီယာဘက်က တရားစွဲတာကို မြန်မာဘက်က တရားပြိုင်အဖြစ် သတ်မှတ်တုံ့ပြန်ဖို့ မလိုဘူး စတာတွေဖြစ်ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
Michael Becker ။ ။ ကောင်းပါပြီ။ ဒီနေရာမှ ကျနော် မဖြစ်မနေပြောချင်တာက မြန်မာအစိုးရဘက်က ဒီခု ခံချေပချက်အတွက် အချိန်တွေအများကြီးသုံးခဲ့တာကို တကယ်ပဲအံသြမိပါတယ်။ ဒီအချက်က အတော် လေးကို လွဲချော်နေတာပါ။ ဒီကိစ္စက အလေးအနက်ထားပြီး ကန့်ကွက်ရမယ့်အချက် မဟုတ်ဘူးလို့ ကျနော် မြင်ပါတယ်။ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ အဖွဲ့ကို ကိုယ် စား ပြုပြီး ဂမ် ဘီယာနိုင်ငံက ICJ တရားရုံးမှာ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှု စာချုပ် ချိုးဖောက်မှုနဲ့ တရား စွဲ ခဲ့တဲ့ အချက်က မှန်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သိရသလောက်ဆိုရင် OIC အစည်းအဝေးမှာ ဂမ်ဘီယာ ကဘက် က သူတို့နိုင်ငံအနေနဲ့ ဒီကိစ္စကို ဆောင်ရွက်ဖို့ စိတ်ဝင်စားကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒီအချက်ကို ဘာမှ အငြင်းပွားစရာမရှိပါဘူး။ ဒါပေမဲ့ OICနဲ့ ပတ် သက်တဲ့အချက်ကိုကိုင်ပြီး ဂမ်ဘီယာက OIC ရဲ့ အင်္ဂါ အစိတ်အပိုင်းတခု ဒါမှမဟုတ် တဆင့်ခံအဖြစ် တရားစွဲတာဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ခုခံချေပတာဟာ ပေါ့ ပျက် လွန်းတယ်လို့ ကျနော်မြင်ပါတယ်။ ဂမ်ဘီယာနိုင်ငံအတွက် အခြားနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့ အစည်း တွေ ဆီကနေ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာနဲ့ ဥပဒေပိုင်းဆိုင် ရာ အကူအညီတွေ လက်ခံတာ ပြ ဿနာမဟုတ်ပါဘူး။ ဒီအချက်ဟာ ICJ တရားရုံးရဲ့ စီရင်ချက် ဒါမှမဟုတ် တရားရုံး ပြဌာန်းချက်တွေနဲ့ ဘာမှ မပတ်သက်ပါဘူး။ ဒါကြောင့် ဂမ်ဘီယာက OIC နဲ့ ပတ်သက်နေတယ်ဆိုတဲ့ အချက်က ပြဿနာမဟုတ်ဘူး လို့ ကျနော်မြင်ပါတယ်။ မြန်မာဘက်က ဥပဒေပညာရှင်အနေနဲ့ ဒီချေပချက်နဲ့ ပတ်သက်လို့ ဥပဒေ လုပ်ထုံး လုပ်နည်းနဲ့အညီ ထောက်ပြနိုင်ခဲ့ခြင်းမရှိပါဘူး။
အဓိကသော့ချက်က ဒီအမှုရဲ့ နောက်ကွယ်က အကြောင်းအရာတွေက ဘာတွေလဲ၊ တရားစွဲ နိုင်ငံဘက်က အကြောင်းအရင်းတွေက ဘာတွေလဲ ဆိုတာတွေကို ကြည့်ဖို့ ICJ တရားရုံးရဲ့ အလုပ်မဟုတ်ပါဘူး။ ICJ တ ရားရုံးမှာ နိုင်ငံအချင်းချင်း ရေကြောင်းဆိုင်ရာနဲ့ အခြားနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုတွေကို ကိုင်တွယ် ကြားနာနေတဲ့ အမှုတွေ အမြောက်အများရှိနေတာပါ။ တချို့အမှုတွေမှာဆိုရင် နိုင်ငံခြား ရေနံကုမ္ပဏီတွေက နောက်ကွယ်ကနေ ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် တရားစွဲ တဲ့ နိုင်ငံဘက်က ICJ တရားရုံးမှာ ဘာကြောင့် အမှုဖွင့်လျှောက်ထားသလဲ ဆိုတဲ့ အကြောင်းအရင်းက တ ရား ရုံးရဲ့ အလုပ်မဟုတ်ပါဘူး။ အခြားအကြောင်းအရာတွေရှိပါတယ်။ ဂမ်ဘီယာက နိုင်ငံတနိုင်ငံဖြစ်ရဲ့လား။ အလွန်ရှင်းပါတယ်။ နိုင်ငံတခုပါ။ နောက်ပိုပြီး အရေးကြီးတာက ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှုရှိ ပါတယ်။ ဂမ်ဘီယာအနေနဲ့ မြန်မာကို ICJ မှာ အမှုဖွင့်တိုင်ကြားတာမျိုးမလုပ်ခင် နှစ်နိုင်ငံကြား အငြင်း ပွားမှု ရှိခဲ့တယ်ဆိုတဲ့အချက်တွေ ရှိခဲ့တာပါ။ ဒီအချက်ကိုလည်း မြန်မာဘက်က ကြားနာပွဲမှာ ကြိုးစားပြီး တုံ့ပြန်ချေ ပ ခဲ့ပါတယ်။ ICJ တရားရုံးမတိုင်ခင် လူမျိုးတုံးသတ် ဖြတ်မှု တားဆီး၊ အပြစ်ပေးရေးသဘောတူစာချုပ် နဲ့ပတ် သက်လို့ ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွားမှု မရှိခဲ့ဘူးလို့ပြောပါတယ်။ ဒီခုခံချေပချက်ဟာလည်းအောင် မြင်ထိရောက်မှု မရှိဘူးဆိုတာ သေချာပါတယ်။
အင်ကြင်းနိုင်။ ။ ကြားနာပွဲမှာ အဓိက အပြန်အလှန်ချေပ လျှောက်လဲှခဲ့တဲ့ တချက်က မြန်မာနိုင်ငံဆိုင်ရာ ကု လ သမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်း FFM ရဲ့အစီရင်ခံစာတွေပဲဖြစ်ပါတယ်။ ICJ တရားရုံးကို အမှု ဖွင့်တိုင်ကြားခဲ့တဲ့ ဂမ်ဘီယာက ဒီအစီရင်ခံစာတွေပါအချက်တွေကို အဓိက ထားခဲ့တာဖြစ်ပါတယ်။ ဒါပေ မယ့် မြန်မာဘက်က ဥပဒေအကျိူးဆောင် ပါမောက္ခ William Schabas က FFM အစီရင်ခံစာတွေနဲ့ပတ် သက်လို့ ဘယ်လောက် ယုံကြည်စိတ်ချရမှု ရှိမလဲဆိုတာကို မေးခွန်းထုတ်သွားပါတယ်။ အထူးသဖြင့် ၂၀၁၉ ခုနှစ် အစီရင်ခံစာကို သက ထောက်ပြခဲ့ပါတယ်။ FFM အစီရင်ခံစာတွေရဲ့ အားသာချက်၊ အားနည်ချက်တွေ က အမှုအပေါ်မှာ ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိမလဲဆိုတာ Mr. Becker ဘယ်လိုမြင်လဲရှင့်။
Michael Becker ။ ။ ဒီအချက်နဲ့ ပတ်သက်ရင် ရှုပ်ထွေးတဲ့ ကိစ္စတွေအများကြီးရှိနေပါတယ်။ ကုလသမဂ္ဂ အချက် အလက်ရှာဖွေရေး မစ်ရှင်း FFM ရဲ့အစီရင်ခံစာတွေနဲ့ ပတ်သက်လို့ အခု ကျနော်ကိုယ်တိုင် လေ့လာ နေချိန်လည်းဖြစ်ပါတယ်။ ကြားဖြတ်စီမံဆောင်ရွက်ချက်များ ဆိုတဲ့ လျှောက်လဲှချက်အမှုအတွက် ICJ တရား ရုံးဘက်မှာ ရွေးချယ်စရာများများစားစားမလိုပါဘူး။ ICJ တရားရုံးရှေ့မှောက် ရောက်နေပြီဖြစ်တဲ့ ဥပမာ ကုလသမဂ္ဂလူ့အခွင့် အရေးကောင်စီက ဖွဲ့ထားတဲ့ FFM မစ်ရှင်းရဲ့ အစီရင်ခံစာတွေနဲ့ အခြား ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ အပေါ်မှာပဲ အားထားမှာဖြစ်ပါတယ်။ အခုတရားရုံးက ကြားနာတဲ့ ကြားဖြတ်စီမံဆောင် ရွက်များ ကိစ္စအတွက် တင်ပြဖို့လိုတဲ့ အထောက်အထားအချက် အလက် တွေဟာ လူမျိုးတုန်းသတ်ဖြတ်မှု စာချုပ်ကို ချိုးဖောက်တယ်ဆိုတဲ့ စွဲချက် နောက်ဆုံးအဆင့်နဲ့ နှိုင်းယှဉ်ရင် လုံလောက်မှုရှိနေပါတယ်။ ဒါပေမယ့် ပါမောက္ခ Schabas အဓိက တင်ပြတဲ့အချက်က ကျနော် နားလည်ရ သလောက်ဆိုရင် FFM မစ်ရှင်းက ဥပဒေပိုင်းဆိုင်ရာ အကဲဖြတ်ချက်တွေကို သူ့ဘက်က သဘောမတူ ဘူးဆိုတာပဲဖြစ်ပါတယ်။ မစ်ရှင်းက သုံးသပ်ခဲ့တဲ့ လူမျိုးတုံး သတ် ဖြတ်မှုကို ရည်ရွယ်ကျူးလွန်ခဲ့တယ်ဆိုတဲ့ ဥပဒေပိုင်းဆိုင်ရာအချက်နဲ့ ပတ်သက်ရင် ဟုတ်မဟုတ်ဆိုတာကို ဥပဒေနည်းလမ်းတွေနဲ့ အတိအကျ သက် သေပြဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ ဒီအချက်ကို ပါမောက္ခ Schabs က ဒီကနေ့မှာ အဓိက ခုခံချေပခဲ့တာဖြစ် တယ်လို့ ကျနော်ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ အဖြေရှိနေတာက အစီရင်ခံစာပါအချက် အလက်တွေ ဟာ ဥပဒေနည်းလမ်းတွေနဲ့ အတိအကျဖြစ်ရမယ်ဆိုတဲ့အချက်ကို ICJ တရားရုံးက ထည့်သွင်းစဉ်းစားဖို့ လုံး၀ မလိုအပ်ဘူးဆိုတာပါ။ ဒါကြောင့် ကျနော်မြင်တာက FFM မစ်ရှင်း အစီရင်ခံစာမှာ ဖေါ်ပြထားတဲ့ ဥပ
ဒေ ပိုင်းဆိုင်ရာ တင်ပြချက်တွေကို အာရုံမစိုက်ဖို့ ဖြစ်ပါတယ်။ အထောက်အထားတွေ အများကြီး စုဆောင်း ခဲ့တဲ့ FFM အစီရင်ခံစာဟာ အလွန်အသုံးဝင်နိုင်ပါတယ်။ အဓိကအချက်က ICJ တရားရုံးအနေနဲ့ အစီရင်ခံ စာပါအချက်တွေကို သူ့ဘာသူ ဥပဒေပိုင်းဆိုင်ရာ မေးခွန်းထုတ်ပြီး ကြည့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှုကို ဆက်ပြီး အဆိုးအကောင်းခွဲခြားကြည့်မယ်ဆိုရင် အခက်အခဲတချို့ရှိနေတာက ဂမ်ဘီယာဘက်က အဓိက လက်ဆုပ်လက် ကိုင်ပြုထားတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်း ရဲ့ အစီရင်ခံစာအပေါ်မှာ တ ရား ရုံးဘက်က ဘယ်အချိန်ထိ ဒါမှမဟုတ် ဘယ်လောက် အတိုင်းအတာထိ အားကိုးအားပြုချင် သလဲ ဆို တာဖြစ်ပါတယ်။ မျက်မြင်သက်သေတွေ၊ ကိုယ်တိုင်တွေ့ကြုံခံစားခံရသူတွေနဲ့ တွေ့ဆုံမေးမြန်း ထားချက် တွေပေါ်မှာ မူတည်ထားတဲ့အချက်အ လက်အမြောက်အများကို ကြည့်ရမယ့် တရားရုံးအတွက် တကယ် တမ်း စိန်ခေါ်မှုအခက်အခဲ တချို့ရှိနေပါတယ်။
ဒါကြောင့် ICJ တရားရုံးအတွက် ဒါမှမဟုတ် နှစ်ဘက်လုံးအတွက် အကျိုးပြုနိုင်ဖို့ ကျနော်အကြံပြုချင် တာက FFM မစ်ရှင်းအစီရင်ခံစာတွေပေါ်မှာ အဓိကအခြေပြုထားတဲ့ ဒီလိုအမှုမျိုးမှာ ဒီအစီရင်ခံစာတွေကို ပြုစုတဲ့ အထဲပါဝင်နေတဲ့ ပုဂ္ဂိုလ်တဦးချင်းစီကို တရားရုံးရှေ့မှောက်ခေါ်ယူပြီး သူတို့ အစီရင်ခံစာပြုစုတဲ့ နည်းနာကို စစ်ဆေးသင့်ပါတယ်။ FFM မစ်ရှင်းအနေနဲ့ မြန်မာနိုင်ငံထဲ သွားပြီး စုံစမ်းခွင့်မရနိုင်ခဲ့တဲ့အတွက် မစ်ရှင်း ဥက္ကဌပဲဖြစ်ဖြစ်၊ အစီရင် ခံစာကို ဝိုင်းပြီး ပြုစုခဲ့တဲ့ အခြားသူတွေကိုပဲဖြစ်ဖြစ် တရားရုံးခေါ်ပြီး တရားသူကြီး တွေရော၊ နှစ်ဘက်လုံးရဲ့ ရှေ့နေတွေကပါ မေးမြန်းခြင်းအားဖြင့် ရှေ့ဆက်အမှုအတွက် အကျိုးဖြစ်ထွန်းစေ မယ်လို့ ကျနော်မြင်ပါတယ်။
လက်ရှိ အိုင်ယာလန်နိုင်ငံ Durblin က Trinity ကောလိပ် ဥပဒေဘာသာရပ်ဌာန လက်ထောက်ပါမောက္ခဖြစ် တဲ့ Mr. Becker ကို မအင်ကြင်းနိုင်က Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းထားတာပါ။

Link : Here
No comments:
Post a Comment