
အစည်း အဝေးတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ် တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ယခု အစည်းအဝေးသည် နေပြည်တော်တွင် ကျင်းပသည့် ရခိုင် ပြည်နယ် တည်ငြိမ် အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ တတိယအကြိမ်မြောက် ညှိနှိုင်း အ စည်းအဝေးဖြစ်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်သို့ ထပ်မံ နယ်မြေကွင်းဆင်းလေ့ လာ သွားရန် ရှိပါကြောင်း။
သုံးသပ်ဆွေးနွေးကြရမည်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီအနေဖြင့် ရခိုင်ပြည်နယ်သို့ ဒုတိယ အ ကြိမ် သွားရောက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့် လက်နက်ကိုင်ပဋိပက္ခ အခြေအနေ များကို သုံးသပ်ဆွေးနွေးကြ ရမည်ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်သို့ ထပ်မံသွား ရောက်မည့် ခရီးစဉ်နှင့် ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခနှင့် အခြေ အနေအရပ်ရပ်ကို ဆွေးနွေးတင်ပြကြစေလိုပါကြောင်း။
ယခုတစ်ကြိမ် ရခိုင်ပြည်နယ်သို့ သွားရောက်သည့်အခါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခအခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ အတွေ့အကြုံရှိသူများ၊ ပါဝင်ပတ်သက် သူများနှင့် ဒေသခံများ၏ အကြံပြု သုံးသပ်ချက်များ၊ ဖြစ်စဉ်အကြောင်းအရာများကို ရယူသွားမည်ဖြစ်ပါ ကြောင်း၊ ယင်းအကြံပြုချက်၊ သုံးသပ်ချက်၊ ဖြစ်စဉ်အကြောင်းအရာများကို မှတ်တမ်းရယူ၍ အစီရင်ခံစာရေးသားရာတွင် အသုံး ပြုသွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရေတိုရေရှည်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အစီရင်ခံစာကို ပြည်ထောင် စုအစိုးရသို့ တင်သွင်းသွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အပြီးသတ်အစီရင်ခံစာ ရေးသားတင်ပြ နိုင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ဒုက္ခ သည်များ၏ စားသောက်နေထိုင်ရေး၊ ကျန်းမာ ရေး၊ ပညာရေး ကိစ္စရပ်များကိုလည်း ကူညီဆောင်ရွက် ပေး သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ဝိုင်းဝန်းဆွေးနွေးတင်ပြ
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ အ တွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ် ကြသည့် ရခိုင် ပြည်နယ် နယ်စပ် ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်း မြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦဇော်အေးမောင်၊ ပြည်နယ်လွှတ် တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ဦးဦးသန်းနိုင်၊ ဒုတိယ ရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဒေါက်တာ ညီ လှငယ်တို့က ရခိုင်ပြည် နယ်အတွင်း လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခများ၊ တိုက်ခိုက်မှုများ၊ လက်ရှိ ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်နှင့် ထပ်မံကွင်းဆင်းလေ့လာဆောင်ရွက် သွား မည့်အခြေအနေ၊ နှစ်ဖက်အဖွဲ့အစည်းများအကြား သဟဇာတဖြစ်ရေး၊ ဒေသခံများ၊ တွေ့ဆုံသင့်တွေ့ ဆုံ ထိုက်သူများနှင့်တွေ့ဆုံ၍ ၎င်းတို့၏ အကြံပြုချက်၊ သုံးသပ်ချက်များ ရယူဆောင်ရွက်သွားရေးနှင့် လက်နက် ကိုင်ပဋိပက္ခများ လျော့နည်းသွားရေးအတွက် ဆောင် ရွက်သွားရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းဆွေးနွေး တင် ပြကြသည်။
ယင်းနောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက် သည်။ သတင်းစဉ်
No comments:
Post a Comment