" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 20, 2019

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အ ကူပြုကော်မတီနှင့် ပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ် လွှတ်တော်၊ နိုင်ငံရေးပါတီမှ တာဝန်ရှိသူများ၊ အဖွဲ့ အစည်း များ၊ ပညာရှင်များ၊ မြို့မိမြို့ဖများတွေ့ဆုံ

မြန်မာ့အလင်း သတင်းစာ
စစ်တွေ ဇွန် ၁၉

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီတွင် စစ်တွေမြို့ ရခိုင်ပြည် နယ် အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်နယ်ဥပဒေအထောက်အကူပေး ရေးအဖွဲ့ ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အတွေ့ အကြုံရှိ ပညာရှင်များ၊ မြို့မိ မြို့ဖများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က ယခုဖိတ်ကြားထား သော ပုဂ္ဂိုလ်များသည် နိုင်ငံရေးအတွေ့အကြုံရှိသူများဖြစ်သည့်အတွက် ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသည့် လက်နက်ကိုင် ပဋိ ပက္ခများကို လျှော့ချနိုင်ရန်နှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်သည့်နေရာတွင် ရေတို၊ ရေ ရှည်ဆောင်ရွက်ရမည့် နည်းလမ်းများကို အကြံပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ ယခုခရီးစဉ်သည် မိမိ တို့ ကော်မတီ၏ တတိယအကြိမ်မြောက် ခရီးစဉ်ဖြစ်ပြီး ယခင်ခရီးစဉ်များ၌ ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံရေးပါတီများ၊ ရပ်မိရပ်ဖများ၊ လူမှုအဖွဲ့အစည်းများ၊ အတွေ့အကြုံရှိသူများနှင့် တွေ့ဆုံ၍ ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခ အခြေအနေများအပေါ် ၎င်းတို့၏ အမြင်သဘောထားများနှင့် ပြည်သူများ အ ကြား တွေ့ကြုံခံစားနေရသည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း၊ ၎င်းတို့၏ အကြံပြုချက်၊ ဆွေးနွေးတင်ပြချက်များကို မခြွင်းမချန်ဘဲ နိုင်ငံတော်သမ္မတထံသို့ ကြားဖြတ်အစီရင်ခံစာတစ်ခု တင်ပြခဲ့ ပါကြောင်း။

ပွင့်ပွင့်လင်းလင်း ဆွေးနွေးအကြံပြု

မိမိတို့ကော်မတီ၏ အဓိကတာဝန်သည် တွေ့သင့်တွေ့ထိုက်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ အကြံပြုချက် များကို မခြွင်းမချန်ဘဲ အပြီးသတ်အစီရင်ခံစာတစ်ခု ရေးသား တင်ပြနိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ပဋိပက္ခအကြောင်းပြု၍ ဖြစ်ပေါ်လာသော အကြောင်းအရာကိစ္စအရပ်ရပ်တို့ကိုလည်း မိမိတို့ကော်မတီ အနေ ဖြင့် တတ်နိုင်သမျှဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်လည်း နိုင်ငံရေးအတွေ့အကြုံရှိသူများ၊ ရ ခိုင်ပြည်နယ်အရေးနှင့် စပ်လျဉ်း၍ ပြောနိုင် ဆိုနိုင်သည့် ပုဂ္ဂိုလ်များကို ဖိတ်ကြား၍တွေ့ဆုံရခြင်းဖြစ်ပါ ကြောင်း ၊ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများ ကို မည်သို့မည်ပုံ လျှော့ချရမည်၊ ပဋိပ က္ခများကို အကြောင်းပြုပြီး အပြစ်မဲ့ပြည်သူများ ဒုက္ခခံစားနေရမှုကို မည်ကဲ့သို့ကူညီဆောင်ရွက်ပေး နိုင်မည် စသည့်အကြောင်းအရာများ ကို ယခုတွေ့ဆုံပွဲတွင် ပွင့်ပွင့်လင်းလင်းဆွေးနွေးအကြံပြုတင်ပြစေလိုကြောင်း  ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြု ကော်မတီ ဝင်များ၊ အမျိုးသားဒီမို ကရေ စီ အဖွဲ့ချုပ်ပါတီ၊ ပြည်နယ်ဥပဒေအထောက်အကူပေးရေး အဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေး ကော် မတီ တို့ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရခိုင်ပြည်နယ် ဆိုင်ရာ အတွေ့အကြုံရှိ ပညာရှင်များ၊ မြို့မိ မြို့ဖများ၊ လုပ်ငန်း ရှင် များက ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကို နိုင်ငံရေး နည်း လမ်းများ ဖြင့် အဖြေရှာဖြေရှင်းရေး၊ တိုက်ပွဲရှောင်ပြည်သူများ မိမိတို့၏နေရပ်ပြန်နိုင်ရေးနှင့် လုံခြုံစွာ နေထိုင် နိုင်ရေး၊ ၎င်း တို့၏ လူမှုရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲရှောင်စခန်းများတွင် ရောက်ရှိနေသည့် ကျောင်းသား ကျောင်းသူ များ နီးစပ်ရာစာသင်ကျောင်းများတွင် ပညာသင်ကြားနိုင်ရေး၊ ပြည်နယ်အတွင်း ဖြစ်ပေါ် နေသည့် ပဋိပက္ခများကို အမြန်ဆုံးလျှော့ချ၍ ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်း ပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်ရမည့် စီမံချက်များ၊ လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း ၍ အကြံပြုဆွေးနွေးကြသည်။

ယင်းနောက် ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ကော်မတီဥက္ကဋ္ဌ ဦးအေးသာအောင်နှင့်ကော်မတီဝင်များ၊ ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီ ပုနှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနှင့် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်များ ညှိနှိုင်းအစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ကျင်းပသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆွေးနွေး

တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်ဝန်ကြီး များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ကော်မတီအဖွဲ့ဝင်များက ပြည်နယ်အတွင်း လတ်တလောဖြစ်ပေါ် နေသည့် အကြောင်းအရာများ၊ တိုက်ပွဲရှောင်ပြည်သူများအရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေး အ တွက် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ညနေပိုင်းတွင် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့မှတစ်ဆင့် ရန်ကုန်မြို့သို့ မြန်မာအမျိုး သားလေကြောင်းလိုင်းဖြင့် ပြန်လည်ထွက်ခွာကြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်ဝန်ကြီးများက စစ်တွေလေဆိပ်၌ ပို့ဆောင်နှုတ်ဆက် ကြသည်။

သတင်းစဉ်

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */