" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 19, 2023

မုန်တိုင်းသင့်ဒေသမှာ သေကြေထိခိုက် ပျက်စီးမှုတွေ ထပ်မံတွေ့ရှိ

VOA
ဆုမွန်
၁၈ မေ၊ ၂၀၂၃ 

ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့


ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်ပြီး အထိနာခဲ့တဲ့ နေရာတွေထဲ စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်က ကျေးရွာ တွေမှာ ပိုများခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက် နေသူတွေက ပြောပါတယ်။ မုန်တိုင်းဝင်ရောက်ပြီး စစ် တွေမြို့နယ်က ရိုဟင်ဂျာတွေ အများစုနေထိုင်တဲ့ သဲချောင်းကျေးရွာ အခြေအနေကို VOA က သွားရောက် သ တင်း ယူထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က သဲချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဝင်ရောက်ခဲ့တဲ့ မုန်တိုင်း ကြောင့် လူနေအိမ်ခြေ တထောင်ကျော် ပျက်စီးသွားသလို၊ ၁၀ ဦးထက်မနည်း သေဆုံးပြီး၊ ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သဲချောင်းဒေသခံတွေက ပြောပါတယ်။ မုန်တိုင်းဝင်ရောက်ကတည်းက ဖုန်းလိုင်း ဆက်သွယ်လို့ မရ တော့ဘဲ၊ အခု နေအိမ်အားလုံးနီးပါး ပျက်စီးကုန်လို့ စားသောက်နေထိုင်ရေး အခက်တွေ့နေတယ်လို့ သဲချောင်း ဒေသခံ တဦးက ပြောပါတယ်။

"မုန်တိုင်း တိုက်ပြီးတာနဲ့ ကျနော်တို့ ဖုန်းလုံးဝ ဆက်သွယ်လို့ မရတော့ဘူး။ နောက်ပြီးတော့ စားဝတ်နေရေး တော် တော်ခက်ခဲတယ်။ တာလဘတ်တွေ၊ နေဖို့ အမိုးအကာတွေ မရှိတဲ့လူတွေ အများကြီးပဲ။ ဒီမှာရှိတဲ့ ကုန်ပစ္စည်းတွေ လည်း စျေးတင်ပြီးတော့ ရောင်းတယ်။ စျေးသက်သာမယ်ဆိုရင် လူတွေလည်း သက်သာမယ် ထင်ပါတယ်။ ၁၀၀ ရောင်းတဲ့ပစ္စည်းကို ၁,၀၀၀ ရောင်းတာပေါ့။ အဲလိုဆိုတော့ ဆင်းရဲသားတွေက ထမင်းမစား၊ ဟင်းမစားဘဲ နေရ မယ့် အနေအထားရှိတယ်။ ရှိတဲ့လူဆိုတာ ၁၀၀ မှာ ၁၀ ယောက်လောက်ပဲရှိတာ။ ကျန်တဲ့လူတွေက တရက်စာ တရက်ရှာစားတဲ့ လူတွေဆိုတော့ ဆန်စျေးလည်း အခုက တသိန်းကျော် ရှိသွားပါပြီ။ ဆင်းရဲသား၊ ဆင်းရဲသူတွေ က ဘယ်လိုလုပ်မှာလဲဗျာ။"

မုန်တိုင်းသင့်ဒေသတွေမှာ ဇီယာဆန်တအိတ်ကို ကျပ်တသိန်း ဝန်းကျင်အထိ ရောင်းချနေကြတာပါ။ အိမ်ဆောက် ပစ္စည်းနဲ့ အထွေထွေ စားသောက်ကုန်တွေ စျေးတက်လာတဲ့အတွက် စျေးတင်ပြီး မရောင်းကြဖို့ ကူညီကယ်ဆယ် ရေး အဖွဲ့တွေကလည်း တိုက်တွန်းနေပါတယ်။ မုန်တိုင်းဒဏ်ကြောင့် နေအိမ်ပြိုကျ ပျက်စီးသွားတဲ့ သဲချောင်းဒေသ ခံ နောက်တဦးကလည်း စားသောက်ရေး ခက်ခဲနေတဲ့ အခြေအနေကို ပြောပြလာပါတယ်။

"ကျနော့်အိမ်က ပြိုသွားတယ်။ အခုက မုန့်တီဆိုင်လေး နည်းနည်းလောက်နဲ့ ပိုသွားရင်လည်း ပိုသွားတဲ့ဟာပဲ ကျ နော် တို့ စားနေရတာပါပဲ။ ရှေ့ဆက်လည်း အလုပ်က မရှိတော့ဘူးဆိုတော့ ကျနော်တို့လည်း မုန့်လေးနည်းနည်း လုပ်၊ နည်းနည်းရောင်းပြီးတော့ စားရမှာပဲ။"

ရိုဟင်ဂျာဒုက္ခသည် စခန်းတွေနဲ့ ရိုဟင်ဂျာတွေနေထိုင်တဲ့ ကျေးရွာတွေမှာ မိုခါ မုန်တိုင်းကြောင့် သေဆုံးသူတွေ ထပ်တိုးလာနေတယ်လို့ အဲဒီဒေသကို သွားရောက်ကူညီသူတွေက VOA ကိုပြောကြပါတယ်။

မုန်တိုင်းကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး သွားရောက်ဖို့ မလွယ်တဲ့အထဲမှာ အခု ရိုဟင်ဂျာတွေအများစု နေထိုင်တဲ့ သဲချောင်းကျေးရွာလည်း ပါဝင်ပါတယ်။ မုန်တိုင်းပြီးကတည်းက နေစရာ၊ စားစရာ မရှိတော့လို့ ဒုက္ခ ရောက်နေကြပြီး အခုချိန်ထိတော့ ကူညီကယ်ဆယ်ရေးတွေ သူတို့ဆီ ရောက်မလာသေးဘူးလို့ သဲချောင်းရွာခံ တ ဦးက ပြောပါတယ်။

"ပစ္စည်းတွေဘာတွေ ရောက်လာတာတော့ မရှိဘူး။ လာရင်လည်း လာနိုင်တယ်ပေါ့။ ရွာထဲမှာက ၁၀၀ မှာ ၅ အိမ် တောင် မရှိတော့ဘူး။ ထိခိုက်ဒဏ်ရာ ရတာတော့နည်းတယ်။ သေဆုံးသူ ၁၀ ယောက်လောက် ရှိတယ်လို့ သတင်း ရတယ်။ အမျိုးသမီး ၇ ဦးနဲ့ အမျိုးသားက ၃ ဦးပါ။ သေတာ ၁၀ ဦးရှိတယ်။"

မြန်မာနိုင်ငံမှာ မိုခါ မုန်တိုင်းကြောင့် တိုင်းနဲ့ပြည်နယ် ဒေသအသီးသီးက လူနေအိမ်ခြေ ၄ သောင်းကျော် ပျက်စီး ခဲ့ပြီး၊ သေဆုံးသူ ၄၈ ယောက် ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ မုန်တိုင်းအပြီး လမ်းပန်း ဆက်သွယ်ရေး အခက်အခဲနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေလို့ မုန်တိုင်းဒဏ်သင့် ဒေသတွေက အခြေအနေကို VOA အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */