" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 19, 2023

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၁၀၀ ကျော် သေ ဆုံး ကြောင်း စစ်ကောင်စီထုတ်ပြန်

B B C

ဘီဘီစီမြန်မာပိုင်း
2023-05-19

အင်အားပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း တွေ ကနေ သေဆုံးသူ ၁၁၇ ယောက် အထိရှိပြီလို့ စစ်ကောင်စီက ဒီကနေ့ မေလ ၁၉ ရက်နေ့မှာသတင်းထုတ်ပြန် ပါတယ်။ မေလ ၁၇ ရက်မှာ ရိုဟင်ဂျာသေဆုံးသူ ၂၆ ယောက်၊ မေလ ၁၈ ရက်မှာ ထပ်တိုး ၉၁ ယောက် တွေ့ရှိခဲ့ တာလို့ဆိုပါတယ်။ 

 အခုသေဆုံးသူတွေဟာ အာဏာပိုင်တွေရဲ့ ပြောင်းရွှေ့ပေးတဲ့အပေါ်ကို လိုက်ပါတာမျိုးမရှိဘဲ မိမိအစီအစဉ်နဲ့ နေ အိမ်မှာကျန်နေရစ်ခဲ့သူတွေလို့ စစ်ကောင်စီက ပြောပါတယ်။ ဒါ့အပြင် လူမှုကွန်ယက်စာမျက်နှာပေါ် ရိုဟင်ဂျာသေ ဆုံးသူ ဦးရေ အယောက် ၄၀၀ ကျော်တယ်လို့ မမှန်သတင်းတွေ ထုတ်လွှင့်တာကြောင့် ပြည်သူတွေကို အထိတ် တ လန့်ဖြစ့်ဖြစ်စေတယ်ဆိုကာ မီဒီယာစာမျက်နှာတချို့ကို တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူဆောင်ရွက်မယ်လို့ လည်း ထည့်ပြောထားပါတယ်။ 

မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ အရင်ကတည်းက အသွားအလာကန့်သတ်ခံထားရပြီး မုန် တိုင်းလာမယ်ဆိုတာကို အာဏာပိုင်တွေထံကတစ်ဆင့်သိရှိထားခဲ့ပေမဲ့ တချို့က စခန်းအပြင်ပြောင်းရွှေ့ဖို့ ကြောက် လန့်ခဲ့ကြသလိုမုန်တိုင်းကို အခုလောက်အင်အားပြင်းထန်မယ်လို့ မယူဆခဲ့ကြဘူးလို့ ဘီဘီစီကိုပြောထားပါတယ်။

ရိုဟင်ဂျာတွေအပြင် ရခိုင်ပြည်နယ်မှာ ရခိုင်လူမျိုးသေဆုံးသူ ၂၄ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄ ဦးလည်း သေ ဆုံး ခဲ့တာကြောင့် မုန်တိုင်း‌တွင်းသေဆုံးသူ ၁၄၅ ယောက်အထိရှိလာပြီလို့ စစ်ကောင်စီရဲ့စာရင်းမှာ ဖော်ပြပါတယ်။ 

ဘီဘီစီရဲ့ သီးသန့်အတည်ပြုချက်အရလည်း ရခိုင်တပြည်နယ်လုံးမှာ ၇၃ ယောက် သေဆုံးထားပြီး ရိုဟင်ဂျာဒုက္ခ သည်စခန်းတွေကနေ ၃၉ ယောက် သေဆုံးထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */