Showing posts with label ဝေဟင်အောင်. Show all posts
Showing posts with label ဝေဟင်အောင်. Show all posts

Tuesday, April 9, 2019

အင်းစိန်ရောက် ဒေါက်တာအေးမောင်၊ ဝေဟင်အောင် တို့ မိသားစုနှင့်တွေ့

Myanmar Now 
By ကျော်လင်း
8/04/2019
၂၀၁၅ ခုနှစ် ရခိုင်အမျိုးသားပါတီ စည်းရုံးရေးခရီးစဉ်တစ်ခုအတွင်း ဒေါက်တာအေးမောင် ဟောပြောနေစဉ် (ဓာတ်ပုံ - ရခိုင်အမျိုးသားပါတီ) 
ရခိုင်ပြည်နယ် စစ်တွေထောင်မှ ရန်ကုန်အင်းစိန်ထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ခံနေရသည့် ဒေါက်တာ အေးမောင်၊ စာရေးဆရာ ဝေဟင်အောင်တို့သည် မိသားစုဝင်များနှင့် နေရာသစ်တွင် တွေ့ဆုံခွင့်ရခဲ့သည်။

Saturday, April 6, 2019

ဒေါက်တာအေးမောင်နှင့် ကိုဝေဟင်အောင်တို့အမည် မသိနေရာသို့ ခေါ်ဆောင်သွား

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၆ / ၂၀၁၉
 ထောင်နှစ် (၂၀) ချမှတ်ခံထားရသည့် ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ယနေ့ ညနေက စစ်တွေထောင်မှ လေယာဉ်ဖြင့် အမည်မသိနေရာသို့ ယူဆောင်သွားကြောင်း မိသားစုများက ပြောကြားသည်။

Tuesday, March 19, 2019

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် တို့အား တရားရုံးက ထောင်ဒဏ် ၂၂ နှစ်စီချမှတ်

Frontier 
MYANMAR
ရဲမွန်၊ Tuesday, 
March 19, 2019

 ၂၀၁၈ ခုနှစ်၊ မတ်လအတွင်းက ရုံးချိန်းတစ်ခုတွင် ဒေါက်တာအေးမောင်အား တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ 
 
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဟောင်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် ရခိုင် စာရေးဆရာ ဝေဟင်အောင်တို့အား စစ်တွေခရိုင်တရားရုံးက သီးခြားအမှု ၂ ခုစီအတွက် ထောင်ဒဏ် နှစ် ၂၂ စီကို ယနေ့ (မတ် ၁၉ ရက်) ချမှတ်လိုက်သည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင် တို့ကို ထောင်ဒဏ် ၂၂ နှစ်စီချမှတ်

DVB
By ဒီဗွီဘီ
19 March 2019
နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေ ဟင်အောင်တို့တို ဒီကနေ့ မတ်လ ၁၉ ရက်မနက်မှာ စစ်တွေခရိုင်တရားက ထောင်ဒဏ် ၂၂ နှစ်စီ ချမှတ် လိုက်ပါတယ်။
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂နဲ့ ထောင်ဒဏ် ၂၀နှစ်စီနဲ့ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် စီတပေါင်းတည်းကျခံဖို့ အမိန့်ချမှတ်လိုက်တာပါ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */