ဗွီအိုအေမြန်မာပိုင်း
ဇော်မိုးကျော်
02ဖေဖော်ဝါရီ၊ 2022
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာပြည် ပြန်နိုင်ရေး ဝေဝါးနေဆဲဖြစ်တယ်လို့ ရခိုင်ရို ဟင်ဂျာသမဂ္ဂ(ARU) ကနေ၊ OIC နိုင်ငံတကာအစ္စလမ္မစ်အဖွဲ့ အပါအဝင်၊ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့စည်း အသီးသီးကို ပေးပို့တဲ့အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက နိုင်ငံရေးပဋိပက္ခတွေမှာ ပြိုင်ဘက်နိုင်ငံရေးအင်အားစုတွေကို ထိုးနှက်ဖို့အတွက် ရိုဟင်ဂျာတွေကို ခုတုံးလုပ်ရေးသား ပြောဆိုတာမျိုး တွေ ကိုလည်း ရပ်တန့်ဖို့ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ကိုဇော်မိုးကျော် ကတင်ပြပေးပါမယ်။