လွတ်လပ်တဲ့အာရှအသံ( RFA )
ရဲခေါင်မြင့်မောင်(ဝါရှင်တန်ဒီစီ)
2021-03-17
ရန္ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆန္ဒပြ ပြည်သူတွေကို အင်အား သုံးနှိမ် နှင်းနေတဲ့ အခြေအနေတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို နယ်မြေရှင်း လင်းရေး လုပ်ပြီး နှိမ်နှင်းခဲ့သလို ပြင်းထန် လုပ်ရပ်ဖြစ်တယ်လို့ ပြည်ပက လေ့လာစောင့်ကြည့်သူ တစ်ဦးက ပြောပါတယ်။