Showing posts with label ကြာညိုပြင်. Show all posts
Showing posts with label ကြာညိုပြင်. Show all posts

Thursday, November 7, 2019

ဘူးသီးတောင်နယ်ကရွာတွေ အပစ်ခံရ၊ ရိုဟင်ဂျာ တစ်ဦး သေ၊ သုံးဦးဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2019-11-07
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲက မွတ်စလင် ကျေးရွာကို တွေ့ရစဉ်
Photo: AFP 

                                       
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ စိုင်းဒင်တံတားအနီး သရက်ပြင်၊ ကြာညိုပြင်ကျေးရွာတွေမှာ မနေ့က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ နေအိမ် ၃၀ ကျော်မီးလောင်ပြီး လူ သုံးဦး ထိခိုက်ဒဏ်ရာရသွားသလို ဒီနေ့မှာလည်း အဲဒီအနားက ဖုံညိုလိပ်ကျေးရွာမှာ ကျည်ဆံထိမှန်လို့ ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

Tuesday, May 21, 2019

ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာသား တစ် ဦး အသတ်ခံရ

နိရဉ္စရာ 
ထွန်းလင်းနိုင်
နိရဉ္စရာ၊ မေလ ၂၁/၂၀၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် စိုင်းဒင်တံတားအနီးရှိ ကြာညိုပြင် ကျေးရွာသား တစ်ဦး မေလ ၂၀ ရက်နေ့ ည ၆ နာရီအချိန်ခန့်က လုပ်ကြံ သတ်ဖြတ်ခံရပြီး သေဆုံးသွားကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

"ရဲကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီအမှုဖွင့်မယ်လို့ ပြောပါတယ်။ ဘာပုဒ်မနဲ့ဖွင့်မယ်ဆိုတာတော့ အတိ အကျမသိရသေးပါဘူး။ မိသားစုသဘောထားကတော့ ဘာမှန်းမသိရသေးပါဘူး" ဟု ကြာညိုပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းလှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */