" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 22, 2023

ရခိုင်မှာ တိုက်ပွဲပြင်းထန်လာပြီး ဒေသခံများ အခက်အခဲ ပိုမိုကြုံတွေ့နေရ

CNI
CNI News
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၂

AA တပ်ဖွဲ့ကို တွေ့ရစဉ်

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့ တိုက်ပွဲပြင်းထန်လာပြီး ဒေသတွင်းနေ ပြည်သူများ အခက်အခဲ ပိုမိုကြုံတွေ့နေရသည်ဟု ဒေသခံများက CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းက ကုန်းလမ်း၊ ရေလမ်းများကို ပိတ်ဆို့ထားသည်။
ထို့ကြောင့် ကျန်းမာရေးကိစ္စအတွက် အသွားအလာများတွင် အခက်အခဲဖြစ်ရကြောင်း၊ ကုန်စည်စီးဆင်းမှုမှာ လည်း ရပ်တန့်သွားကြောင်း ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အခု စစ်ပွဲတွေက ပြင်းထန်လာတော့ ဒေသခံကနေပြီးတော့ ကျန်းမာရေးရော၊ နောက်ပြီးတော့ ကျနော် တို့ ကျန်းမာရေးအတွက် တော်တော်လေး အခက်အခဲဖြစ်နေတာ ရှိတယ်၊ ခွဲစိတ်မယ့် လူနာတွေ၊အရေးပေါ်လူနာ တွေ ပို့ဆောင်ရမယ်ဆိုရင် ရေလမ်းခရီးကို အသုံးပြုရတဲ့ ဒေသတွေရော နောက်ပြီး ကုန်းလမ်းခရီးကို အသုံးပြုရ တဲ့ ဒေသတွေရော တော်တော်လေး လမ်းတွေ ပိတ်ထားတော့ အခက်အခဲ ဖြစ်နေကြတယ်၊ နောက်ပြီး ရေလမ်း ခရီးတို့ ကုန်းလမ်းခရီးတို့ ပိတ်လိုက်တော့ ဒီဖက်မှာက ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာက တစ် ကြောင်း၊ နောက်ပြီးတော့ ကုန်စည်စီးဆင်းမှုက လုံးဝရပ်တန့်သွားတော့ ဒီမှာ ကုန်စည်တွေ ပြတ်လုနီးပါး ဖြစ် နေတာတွေ လည်း အခက်အခဲ ဖြစ်နေပါတယ်၊ ဒီမှာ” ဟု ပြောသည်။

မြန်မာ့တပ်မတော် အမြောက်တပ်ကို တွေ့ရစဉ်

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ကျောက်တော်မြို့နယ်နှင့် မင်းပြားမြို့တို့တွင် မြန်မာ့ တပ်မတော်နှင့် AA တို့ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီးနောက် လမ်းပိတ်ဆို့မှုများ ရှိလာခဲ့သည်။

လက်ရှိမှာ ကုန်သွယ်မှုများအားလုံး ရပ်တန့်သွားကြောင်း၊ စစ်တွေမြို့ကို ကျော်ပြီး ပေါက်တောမြို့အား လက်နက် ကြီးဖြင့် ပစ်ခတ်နေကြောင်း စစ်တွေ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒေသခံတွေက အခက်အခဲကတော့ အစုံပဲပေါ့။ လမ်းပန်းဆက်သွယ်ရေး မရှိတော့ ကူးလူးဆက်ဆံမှု လည်း မရတော့ဘူးပေါ့၊ ကုန်သွယ်ရောင်းဝယ်မှုလည်း မရှိတော့ဘူး။ ဆေးကုဖို့လည်း အဆင်မပြေဘူး။ အဲဒီလို မျိုးတော့ရှိတာပေါ့။ စစ်တွေကလည်း မနေ့ကတည်းက အချိန်တိုင်းလိုလို ဒီလက်နက်ကြီးနဲ့ ပေါက်တောကို စစ် တွေမြို့ကို ကျော်ပြီး ပစ်နေတာ မြင်နေရတာပေါ့။ အဲဒီတော့ တစ်မြို့လုံးကလည်း တိတ်ဆိတ် ငြိမ်သက်နေတာ ပေါ့။ အားလုံး လူတိုင်းရဲ့ ရင်ထဲမှာတော့ စိုးရိမ်ထိတ်လန့်မှုကတော့ ရှိနေကြတာပဲပေါ့။ လက်နက်ကြီးတွေက ကိုယ့်အပေါ် ကျော် ပစ်နေတဲ့ နေရာထက်စာရင် ကိုယ့်စီလည်း မရောက်လာဘူးလို့ ပြောလို့ မရဘူးလေ” ဟု ပြောသည်။

လက်ရှိ ပေါက်တောမြို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လျက်ရှိနေပြီး မြို့ခံလူထုများအနေဖြင့် ဘေးလွတ်ရာ သို့ ထွက်ပြေးတိမ်းရှောင်လျက် ရှိနေသည်။

တိုက်ပွဲဖြစ်ပွားခြင်း မရှိသော ဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တိုက်ပွဲဖော်ဆောင်ခြင်းများ မပြု လုပ်စေလိုကြောင်း ရသေ့တောင် ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲရှောင်များကို တွေ့ရစဉ်

၎င်းက “လက်ရှိ အခြေအနေမှာတော့ တိုက်ပွဲဖြစ်တဲ့ ဒေသ ဥပမာအားဖြင့် အဲဒီ ရွာနားမှာပဲဖြစ်ဖြစ်၊ မြို့ပေါ်နား မှာ ပဲဖြစ်ဖြစ်၊ ဖြစ်တဲ့နေရာဘေးမှာပဲ တိုက်ပွဲဆင်တာ မဟုတ်ဘဲနဲ့ အခြား တိုက်ပွဲမရှိတဲ့ ဒေသကိုနေပြီး လက် နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေက တော်တော်လေးကို ဆိုးဆိုးရွားရွား အနေအထားမှာ ရှိတယ်၊ ဒါတွေ ကြောင့် လည်း ဒီလို တိုက်ပွဲမဖြစ်တဲ့ ဒေသတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာကြောင့်လည်း ပြည်သူလူထု တွေ ကနေ ပြီးတော့ မလိုအပ်ဘဲနဲ့ စစ်ရှောင်တဲ့ အနေအထား နောက်ပြီး ပြေးလွှားနေရတဲ့ အနေအထားတွေ ဖြစ် နေတာ တွေ့ ရတယ်၊ ဒါမျိုးတွေ မဖြစ်ဘဲနဲ့ နေပြီးတော့ စစ်ပွဲဖြစ်တဲ့ ဒေသမှာပဲ စစ်ဆင်ရေးတွေ လုပ်ကြဖို့ လုပ် ကြမယ်ဆိုရင် တော့ အခြားမဆိုင်တဲ့ ဒေသတွေတော့ ဒီလောက်အထိ ထိထိခိုက်ခိုက် ရှိမှာ မဟုတ်ဘူးလို့ မြင် တယ်” ဟု ပြော သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ မောင် တော မြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

တခြားတစ်ဖက်မှာလည်း စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် AA သည် တခြားသော လက် နက်ကိုင်အဖွဲ့များဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိနေသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */