Showing posts with label ဝမ်ရီ. Show all posts
Showing posts with label ဝမ်ရီ. Show all posts

Sunday, December 8, 2019

မြန်မာခေါင်းဆောင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး အိုင်စီဂျေ မစခင်တွေ့

B B C
ဘီဘီစီ မြန်မာပိုင်း 
07 ဒီဇင်္ဘာ2019
 တရုတ် နိုင်ငံတော် ကောင်စီဝင်နဲ့ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့
 
မြန်မာက လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို ဖောက်ဖျက်နေတယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားတာကို သွားဖြေရှင်းမယ့် ရက်ပိုင်းအလိုမှာ မြန်မာ ခေါင်းဆောင်တွေနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး တို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။

Friday, December 6, 2019

ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေ မသွားခင် ရက်ပိုင်းအလို တရုတ်နိုင်ငံခြားရေး ဝန်ကြီးလာမယ်

B B C
ဘီဘီစီ မြန်မာပိုင်း
5 ဒီဇင်ဘာ 2019
 နိုင်ငံတကာ တရားရုံး အိုင်စီဂျေမှာ မြန်မာကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတာကို သွားရောက်ဖြေရှင်း မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်မတိုင်ခင် ရက်ပိုင်းအလိုမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဝမ်ယီ မြန်မာနိုင်ငံကို လာမယ်လို့ တရုတ်ဘက်က ကြေညာလိုက်ပါတယ်။

အတိုင်ပင်ခံဖိတ်ကြားချက်အရ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
05 ဒီဇင်ဘာ၊ 2019
ရန်နိုင်
 ၂၀၁၇ နိုဝင်ဘာလတုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်
 
 (Myanmar State Counsellor Office) မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာမှာ သံတမန်ရေးဖိအားနဲ့ အတူ ICJ နိုင်ငံတကာတရားရုံးမှာရင်ဆိုင် ရဖို့ရှိနေ ချိန်မှာပဲ အခုလာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုလာဖု့ိ ရှိနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက်ဘယ်လောက် အထောက်အကူ ဖြစ်စေမလဲ ဆိုတဲ့သုံးသပ်ချက်ကို ကိုရန်နိုင်က စုံစမ်းမေးမြန်တင်ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */