မောင်တော
၃၀ ဇန်နဝါရီ၂၀၂၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက မိမိတို့ဆန္ဒ အရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုကိုးစု အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၀ ဦး စုစုပေါင်း၂၆ ဦးတို့အား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန် ရှိ သူ များက စိစစ်လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။