Showing posts with label ဦးကျော်တင်. Show all posts
Showing posts with label ဦးကျော်တင်. Show all posts

Sunday, November 24, 2019

နိုင်ငံတော်ကို ICJ က အရေးယူလာနိုင်တယ်လို့ ဝန်ကြီး ဦးကျော်တင် ပြောကြား

လွတ်လပ်တဲ့အာရှအသံ( RFA )
ခင်မောင်စိုး
2019-11-23
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကို ၂၀၁၉၊ နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော်၊ သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office

 
 အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ်  အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်ခဲ့မှုတွေအတွက် ကုလသမဂ္ဂလက်အောက်ခံ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ရှေ့နေတွေ၊ အကြံပေးအဖွဲ့တွေကို မြန်မာနိုင်ငံက ငှားရမ်းထားပြီးဖြစ်ပါတယ်၊ ဒီကိစ္စမှာ လူမျိုး တုံးသတ်ဖြတ်မှုကို ကာကွယ်တားဆီးမှုနဲ့ အရေးယူဆောင်ရွက်မှု မရှိခြင်းအတွက် နိုင်ငံတော်ကို ICJ ကနေ အရေးယူလာနိုင်ပါတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

Saturday, October 26, 2019

ဘင်္ဂလားဒေ့ရှ်အနေဖြင့် ကော့ခ်ဘဇားရှိစခန်းများတွင် အာ ဆာအကြမ်းဖက်အုပ်စုများ တည်ရှိနေခြင်းအပေါ် မျက်ကွယ် မပြုသင့်ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်တင် တုံ့ပြန်

မြန်မာတိုင်းမ်နေ့စဉ်
မင်းဝဿန်
26 Oct 2019

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ကော့ခ်ဘဇား ရှိ စခန်းများတွင် အာဆာအကြမ်းဖက်အုပ်စု များတည်ရှိနေခြင်း ကို မျက်ကွယ်မပြုသင့် ကြောင်း မြန်မာအစိုးရက ပြောကြားသည်။

ပြန်လည်တုံ့ပြန်ပြောကြား

အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ ကျင်းပ လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး အကြို ဝန်ကြီးအဆင့်ကြိုတင်ပြင်ဆင်ရေး အစည်းအဝေးတွင် အောက်တိုဘာ ၂၃ ရက်၌ ရခိုင်ပြည် နယ်အရေးကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ပြောဆို ချက်အပေါ် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်က ပြန်လည် တုံ့ပြန်ပြော ကြားရာတွင် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ပြင်းပြင်းထန်ထန်ကန့်ကွက်

Thursday, October 3, 2019


VOA
 ဗွီအိုအေ (မြန်မာဌာန)
02 အောက်တိုဘာ၊ 2019 

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို အစိုးရက ဘာ့ကြောင့် လက်မခံတာလဲ ဒီမေးခွန်းအပေါ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဘယ်လိုဖြေဆိုထားတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။

-
 

Link : Here

မတူညီတဲ့အစိုးရအဆက်ဆက် တာဝန်ထမ်းဆောင်ရတာ ဘာကွာခြားသလဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
02 October 2019

မတူညီတဲ့အစိုးရအဆက်ဆက် တာဝန်ထမ်းဆောင်ရတာ ဘာကွာခြားသလဲ ဒီမေးခွန်း အပေါ် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ဘယ်လိုဖြေဆိုထားတယ်ဆိုတာကြည့်ရှုနိုင်ပါတယ်။

Tuesday, October 1, 2019

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရခိုင်ပြည်နယ်အရေးကိစ္စ

မြန်မာ့အလင်း 
နေပြည်တော်
စက်တင်ဘာ ၃၀ 

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်းရာတွင်မြန်မာနှင့်အာဆီယံ တို့ အကြား ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြား
 (၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်လျက် ရှိသော မြန်မာကိုယ်စား လှယ် အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းတွင် ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပခဲ့သည့် အာဆီယံ-ကုလသမဂ္ဂ ဝန်ကြီးအဆင့် အစည်းအဝေးတွင် ရခိုင်ပြည်နယ် အရေးကိစ္စ ဖြေရှင်းရာ၌ အာဆီယံနှင့်ပူးပေါင်း ဆာင်ရွက်နေမှုအခြေ အနေ များကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အား ရှင်းလင်းပြောကြားခဲ့သည်။

Sunday, August 4, 2019

(၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်

မြန်မာ့အလင်း
03 August 2019
                                  သတင်းထုတ်ပြန်ချက်
 အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်မှ ဩ ဂုတ် လ ၃ ရက်အထိ ကျင်းပပြုလုပ်သည့် (၅၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */