Showing posts with label ပြောင်းရွှေ့ရေး. Show all posts
Showing posts with label ပြောင်းရွှေ့ရေး. Show all posts

Monday, October 19, 2020

ဘာချန်ချာကျွန်းပေါ်သို့ ရိုဟင်ဂျာများပြောင်း ရွှေ့နေရာချ ထားရေး နိုင်ငံတကာက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဖိအား ပေး နေဟု ဘင်္ဂလားဒေ့ရှ်နိူင်ငံခြားရေးဝန်ကြီးပြော

People Media
ဒါကာ၊ အောက်တိုဘာ ၁၉

ရိုဟင်ဂျာများကို ဘာရှန်ချားကျွန်းပေါ်သို့ရွှေ့ပြောင်းနေရာချထားရေးကိစ္စအပေါ် ရိုဟင်ဂျာတချို့က သူတို့ အတွက် ဆောက်လုပ်ပေးထားသောနေရာများဆီ ပျော်ရွှင်စွာသွားရောက်ရန် ရှိသော် လည်း ကုလသမဂ္ဂ ဒုက္ခ သည်များအေဂျင်စီ(UNHCR)အပါအဝင် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို)များထံမှ ဖိအားများရင် ဆိုင်နေရကြောင်း ဘင်္ဂါလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေကေ အဗ္ဗဒူ မိုမန်က တနင်္ဂနွေနေ့ တွင် ပြောသည်။

Thursday, July 9, 2020

ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေ စခန်းထဲပြန်ရွှေ့ပေးဖို့ HRW တောင်းဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
09 ဇူလိုင်၊ 2020
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာတချို့။ (ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းမှာ ရှိနေတဲ့ ရိုဟင်ဂျာ အယောက် ၃၀၀ ကျော်ကို အဲဒီကျွန်းကနေ အ မြန်ဆုံးရွှေ့ပေးသင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီနေ့ ပြောလိုက်ပါ တယ်။ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ အဲဒီကျွန်းမှာ ရှိနေတဲ့ ကလေးငယ်တွေအပါအဝင် ရိုဟင်ဂျာ ဒုက္ခ သည်တွေကို Cox’s Bazar မှာရှိတဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ အတူနေနိုင်အောင် ချက်ချင်း ရွှေ့ပေးသင့် တယ်လို့ HRW အဖွဲ့က ပြောလိုက်တာပါ။

Saturday, October 26, 2019

ဒုက္ခသည်တွေ ကျွန်းဆီပြောင်းဖို့ ဘင်္ဂလားဒေ့ရှ် စီစဉ်

ဗွီအိုအေ (မြန်မာဌာန)
ဗွီဒီယို
25 အောက်တိုဘာ၊ 2019
သားညွန့်ဦး


ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်အချို့ကို Bhasanchar ကျွန်းကို ရွှေ့ပြောင်းဖို့ ဘင်္ဂလား ဒေ့ရှ်အာဏာပိုင်တွေဖက်က ပြင်ဆင်ဆောင်ရွက်နေပြီး ဒီနှစ်ကုန်ပိုင်းလောက် အစီအစဉ်တွေ စတင်နိုင် မယ် လို့ ယူဆရ ပါတယ်။ အဲဒီကို မိမိဆန္ဒနဲ့အညီသွားရောက်ဖို့ လက်ခံသဘောတူထားတဲ့ ဒုက္ခသည်အချို့ရှိသလို ၊ မသွားလိုတဲ့ ဒုက္ခ သည်အတော်များများလည်း ရှိနေပါတယ်။ တဖက်မှာ ဒုက္ခသည်တွေ မြန်မာပြည်ပြန် နိုင် ရေး အစီ အစဉ်တွေ အရှိန်မြင့်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ဖိအားပေးပြောဆိုတာတွေလည်းရှိနေပါ တယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ အပြောင်းအရွေ့အခြေအနေ ဘယ်လိုရှိပါသလဲ။ အေပီ သတင်းဌာန ရေးသားချက် ကို အခြေခံပြီး ကိုသားညွန့်ဦး ပြောပြထားပါတယ်။

 

Link : Here

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */