Showing posts with label ရဲကင်းစခန်း. Show all posts
Showing posts with label ရဲကင်းစခန်း. Show all posts

Monday, March 11, 2019

မြို့နယ် ၃ခုက ရဲကင်းစခန်းတွေ ပူးပေါင်း

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
  ရခိုင်ပြည်နယ်က နယ်ခြားစောင့်ရဲတွေကို တွေ့ရစဉ်

အခုလ ၉ ရက်နေ့က ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာရှိတဲ့ ယိုးတရုတ်ရဲကင်းစခန်းကို ရက္ခိုင့် တပ်မ တော် AA က တိုက်ခိုက်ခဲ့ပြီးနောက် မင်းပြား၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့ နယ်အတွင်းက အင် အား အနည်း ငယ်သာရှိတဲ့ ရဲကင်းစခန်းတွေဟာ တခြားစခန်းတွေနဲ့ သွားရောက် ပူးပေါင်းတာတွေ လုပ်ဆောင်လာသလို နှစ်ဖက်တိုက်ပွဲတွေလည်း ပြင်းထန်လာပါတယ်။ ရဲကင်းစခန်းတွေ မရှိတော့တဲ့ ကျေးရွာတွေက ဒေသခံတွေဟာ လုံခြုံရေးအတွက် စိုးရိမ်နေကြပါတယ်။

နယ်မြေမလုံခြုံမှုကြောင့် ရခိုင်က ရဲစခန်းနဲ့ နယ်ခြား စောင့်စခန်းတချို့ ရုပ်သိမ်း

B C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၁ ရက်
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲစခန်း ၅ ခုလောက်နဲ့ ကျောက် တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တွေထဲက ရဲကင်းစခန်း ၃ ခုထက်မနည်းကို နယ်မြေ မလုံခြုံမှုကြောင့် ရုပ် သိမ်းလိုက်တာဖြစ်ပါတယ်။

Sunday, March 10, 2019

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ် ရဲ ကင်းစခန်း တိုက်ခိုက်ခံရလို့ ရဲ ၉ ဦး သေဆုံး

B  B  C
ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ မတ်လ ၁၀ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းမဘေးမှာရှိတဲ့ ယိုးတရုပ်ကျေးရွာက ရဲကင်း စခန်း တိုက်ခိုက်ခံရလို့ ရဲအုပ်၊ ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ်အဆင့်ရှိတဲ့ တပ်ဖွဲ့ဝင်တွေအပါအဝင် ၉ ဦး သေဆုံး ပြီး၊ ၁ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဘီဘီစီ ကို အတည်ပြုပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */