![]() |
Daw Amina (1899-1987) |
ရိုဟင်ဂျာ တိုင်းရင်းဆေးသမားတော် ဒေါ်အာမီနာဟ် (၁၈၉၉-၁၉၈၇)
ရှေးရိုဟင်ဂျာတို့သည် ခေတ်အလျောက် ဒေသထွက် သဘာဝဆေးဖက်ဝင် အသီးအရွက်၊ အနွယ်အမြစ် စသည်တို့ကို မိမိတို့ ဘိုးဘွားအစဉ်အလာမှ လက်ဆင့်ကမ်းရရှိထားသော ရှေးဆေးထုံးနည်းများနှင့်အညီ ဆေးဝါးများပြုလုပ်ကာ ရောဂါဘယာကုသလေ့ရှိခဲ့သည်။ ထိုသို့ ဆေးကုသပေးခဲ့သည့် ရိုဟင်ဂျာတိုင်း ရင်း ဆေး ထုံးနည်းတတ်ကျွမ်းသော ဆရာသမားတော်များလည်း နေရာအနှံ့ပေါ်ပေါက်ခဲ့သည်။ သို့သော် ခေတ် ကာလတိုးတက်လာသည်နှင့်အမျှ တိုင်းရင်းဆေးဝါးများ တစတစ ပျောက်ကွယ်သွားနေသည်။ ရိုဟင်ဂျာ တိုင်းရင်းဆေး သမားတော်များအနက် အမေ့ခံရသော တစ်ဦးအကြောင်းကို ဤနေရာတွင် အကျဉ်း မျှေ ဖာ်ပြေ ပးပါမည်။ ထိုသူကား တိုင်းရင်းဆေးသမားတော် တစ်ဦးဖြစ်သည့်အပြင် စိတ်စေတနာကောင်းသူ၊ ရက်ရော လှူဒါန်းသူ၊ ပညာရေးကို မြတ်နိုးသူ၊ မိမိအမျိုးကို တိုးတက်စေလိုသူ တစ်ဦးဖြစ်သည်။ ယင်းသူသည် အခြား မဟုတ် ဘောလီမျိုးနွယ်စုမှ ဒေါ်အာမီနာဟ် ဖြစ်သည်။