Showing posts with label ပွင့်ဖြူချောင်း. Show all posts
Showing posts with label ပွင့်ဖြူချောင်း. Show all posts

Friday, November 18, 2016

( 18.11.2016 ) မောင်တောမြို့နယ်၌ မသင်္ကာဖွယ် ရွာသား (၁၄) ဦး ဖမ်းဆီးရမိ


                  
မောင်တောမြို့နယ်၌ မသင်္ကာဖွယ် ရွာသား (၁၄) ဦး ဖမ်းဆီးရမိ

နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်ဖွဲ့ဝင် များ သည် သက်ကိုင်ညာကျေးရွာသို့ဝင်ရောက်ရှင်းလင်းရာ မသင်္ကာဖွယ် ရွာသားများ ဖြစ်သော ဒီမိုဟာမတ် (၃၃) နှစ် (ဘ) မိုဆာအာလီ ပါ (၅) ဦးအား ဖမ်းဆီးရမိခဲ့သည်။

ထိန်းသိမ်းထားသူတစ်ဦး မောင်တောဆေးရုံ ၌ ဆေးကုသမှု ခံယူလျက်ရှိ , 59 suspects arrested in Maungtaw Township

  
 
( 17.11.2016 )
                ထိန်းသိမ်းထားသူတစ်ဦး မောင်တောဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများမှ နိုဝင်ဘာ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီ ခွဲတွင် ပွင့်ဖြူချောင်းကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် ဖမ်းဆီးရမိသော အကြမ်းဖက် ဘင်္ဂါလီ (၄၁) ဦးတွင် ပါဝင်သူ ဝက်ပြင်ကျေးရွာနေ မာမက်တာဟတ်(၂၈)နှစ်(ဖ)ဂူရာမျာ သည် မောင်တောမြို့မရဲစခန်း၌ ထိန်းသိမ်း ထားစဉ်ကျန်းမာရေး ချို့တဲ့သဖြင့် နိုဝင်ဘာ (၁၆)ရက်ညနေ(၄)နာရီတွင်မောင်တော  မြို့နယ် ပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။ 

Thursday, November 17, 2016

( 17.11.2016 ) အကြမ်းဖက် သင်တန်း မတက်လျှင် လည်လှီး မည်ဟု စည်းရုံး၊ မူဆလင် ကျေးရွာများအား ၎င်းတို့ ဘာသာ မီးရှို့ခဲ့ ခြင်းဖြစ်ကြောင်း စစ်ဆေး မေးမြန်း ခြင်းခံရသူ များက ထုတ်ဖေါ်ပြောကြား ( အင်္ဂလိပ် - မြန်မာ )



 အကြမ်းဖက်သင်တန်းမတက်လျှင် လည်လှီးမည်ဟု စည်းရုံး၊ မူဆလင်ကျေးရွာများအား ၎င်းတို့ဘာသာမီးရှို့ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးမေးမြန်းခြင်းခံရသူများက ထုတ်ဖေါ်ပြောကြား

ပွင့်ဖြူချောင်းကျေးရွာ၌ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းရမိခဲ့သည့် ဂျာဘူရာမန် အား စစ်ဆေး မေး မြန်းရာ “ သင်တန်းမတက်ရင် သေနတ်နဲ့ပစ်မယ်၊ လည်လှီးမယ် လို့ ပြောပြီး စည်းရုံး ပါတယ်။ ကျွန်တော်တို့ရွာက အယောက် ၂၀ တက်ရောက်ခဲ့ပါတယ်။ သင်တန်းကိုတော့ မယင်းတောင်၊ အနောက် ဘက်မှာ တက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်တဲ့နေ့က ဘင်္ဂါလီရွာကို မီးတိုက်ပြီး ပြန်သွားပါတယ်။ အဲ့ဒီအဖွဲ့မှာ သေ နတ် ၁၀ လက်နဲ့ ဓါး ၁၀ ချောင်းလည်း ပါပါတယ်။” ဟု ဖြေကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */