VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2021
22 ဖေဖော်ဝါရီ၊ 2021
၂၀၂၀ ခုနှစ် ဧပြီလတုန်းက တွေ့ခဲ့ရတဲ့ မလေးရှားရေပိုင်နက်အတွင်းက ရိုဟင်ဂျာဒုက္ခသည်သင်္ဘောတစီး။ (ဧပြီ ၀၅၊ ၂၀၂၀)
Andaman ပင်လယ်ထဲ စက်လှေတစင်းပေါ်မှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုချက်ချင်း ကယ် တင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေငြာချက် ထုတ် တောင်းဆိုလိုက်ပါတယ်။ အရေအတွက်အတိအကျမသိရတဲ့ ရိုဟင်ဂျာတွေတင်လာတဲ့ စက်လှေတစင်း ပင်လယ်ထဲမှာ အင်ဂျင်ပျက်ပြီး အရေးပေါ် အကူအညီလိုအပ်နေတယ်ဆိုတဲ့သတင်းကို ဖေဖော်ဝါရီလ ၂၀ ရက် နေ့မှာ ရခဲ့တာလို့ UNHCR ကပြောပါတယ်။