VOAဗွီအိုအေ (မြန်မာဌာန)
နိုင်ငံတကာ၊ မဆုမွန်
25 မေ၊ 2019
ရိုဟင်ဂျာ ဒုက္ခသည်အမျိုးသမီး (နိုဝင်ဘာ၊ ၁၅၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ သိန်းချီ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အရေးပေါ်ရေရှားပါး ပြတ်လပ်မှုနဲ့ ကြုံနေရတဲ့အတွက် ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ရိုဟင်ဂျာ ဒုက္ခ သည်တွေက ပြောပါတယ်။ ကုလသမဂ္ဂနဲ့ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်အရေး ကူညီပေးနေသူတွေက အရေးတကြီးလိုအပ်နေတဲ့ ရေပြဿနာကို ပြေလည်အောင် နည်းမျိုးစုံနဲ့ ဖြေရှင်းပေးနေပေမဲ့လို့ ဒုက္ခသည်တွေအတွက် လုံလောက်တဲ့ ရံပုံငွေ မရရှိပဲ ဖြစ်နေပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။