B B C
ဘီဘီစီ မြန်မာပိုင်း
2020.06.04
လူနာ အမှတ် ၂၃၄ ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူ
မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မောင်တောမြို့ မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိတဲ့လူနာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ မိမိသဘောနဲ့ ပြန်ဝင်လာသူဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်အုန်းက ဘီဘီစီကိုပြောပါတယ်။