B B C
ဘီဘီစီ မြန်မာပိုင်း၂၅ အောက်တိုဘာ ၂၀၂၀
ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုလုပ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံကနေ မြန်မာကို တရားစွဲထားတဲ့အမှုမှာ နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) က လက်ခံခဲ့ပြီးနောက် ဂမ်ဘီယာရဲ့ ပထမဆုံးလျှောက်လဲချက်ဖြစ်တဲ့ မမ်မိုရီ ယယ်အဆိုလွှာကို အောက်တိုဘာ ၂၃ ရက်မှာ အိုင်စီဂျေ တရားရုံးကို တင်သွင်းခဲ့ပါတယ်။
ဂမ်ဘီယာဘက်က တင်သွင်းခဲ့တဲ့အဆိုလွှာအကြောင်း ရှေ့နေ ပေါလ်ရိုက်ကလာကို ဘီဘီစီ က အွန်လိုင်းမှ တစ်ဆင့် ဆက်သွယ်မေးမြန်းထားတာကို ပြန်လည်ဖော်ပြလိုက်ပါတယ်။