ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
16 ဒီဇင်ဘာ၊ 2019

လက်ရှိ အချိန်ဟာ အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ OIC ရဲ့ ကိုယ်စား ဂမ်ဘီယာ နိုင်ငံက မြန်မာ နိုင်ငံ အနေနဲ့ ကုလသမဂ္ဂမှာ လက်မှတ်ရေးထိုးထားတဲ့ Genocide သဘောတူညီချက် ကို ချိုးဖေါက်တယ် ဆိုပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာ့ တပ် မတော်ကနေ ရခိုင် ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ မူဆလင် တွေကို လူမျိုးတုန်း သတ်ဖြတ်မှုတွေ လုပ်ခဲ့ တယ် ဆိုပြီး စွပ်စွဲ ထားတာပါ။ ဒါကို မြန်မာနိုင်ငံကိုယ်စား နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်၊ နိုင်ငံတော်ဇ။် အ တိုင်ပင်ခံ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က နယ်သာလန်နိုင်ငံ သည်ဟိတ် ကိုသွားပြီး ငှားရမ်း ထားတဲ့ ရှေ့နေတွေနဲ့ အတူ အမှုကို ရင်ဆိုင်နေရချိန် ဖြစ်ပါတယ်။ တပ်မတော်ဘက်က ကျူးလွန်ခဲ့ပါတယ် ဆိုတဲ့ အမှုအတွက် အစိုးရအဖွဲခေါင်း ဆောင် ကိုယ်တိုင် ဦးဆောင်ပြီး သွားရောက် ရင်ဆိုင်နေရချိန်၊ တပ်မ တော်ဟာ Genocide အမှုကို မကျူးလွန်ပါဘူး ဆိုပြီး ခုခံ ချေပနေရချိန် ပြည်တွင်းမှာ တပ်မတော် စစ်ခေါင်း ဆောင်တွေ၊ တပ်မတော်ကိုယ်စား လွှတ်တော်ထဲ ရောက်နေတဲ့ ကိုယ်စားလှယ်တွေက ဘာတွေ ပြောဆို ပြုမူ နေကြသလဲ၊ ICJ ပြသနာကြောင့် တပ်မတော် ခေါင်း ဆောင်တွေရဲ့ အတွေးအခေါ်တွေ ပြောင်းလဲ လာ ကြသလား၊ အရင်အတိုင်း ရှိနေဆဲပဲလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။