Showing posts with label လေကြောင်းတိုက်ခိုက်. Show all posts
Showing posts with label လေကြောင်းတိုက်ခိုက်. Show all posts

Tuesday, November 21, 2023

ပေါက်တောတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန် နေ၊ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုလုပ်

Western News
နိုင်ဝင်ဘာ ၂၁ ၂၀၂၃
ရခိုင်ပြည် ပေါက်တောမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် AA ကဝင် ရောက် တိုက်ခိုက်နေပြီး နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။ 

စစ်ကောင်စီတပ်က တပ်စွဲထားသည့် ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီကျော်က ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှလည်း တိုက်ခိုက်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Sunday, October 27, 2019

လေကြောင်းပစ်ခတ်မှုက ဖမ်းထားသူတွေကိုပါထိတယ်လို့ AA ပြော

လွတ်လပ်တဲ့ အာရှအသံ( RFA )
ဝေယံမိုးမြင့်
2019-10-27
စစ်တွေကနေ ဘူးသီးတောင်မြို့ကို ထွက်ခွာလာတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ၂ဝ၁၉ အောက်တိုဘာ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာအနီးမှာ တွေ့ရစဉ်
Photo: San Myat Shwe 
 
ရက္ခိုင့်တပ်တော် AA က ရသေ့တောင်မြို့နယ် အမြန်ရေယာဉ်တစီးပေါ်ကနေ သူတို့ ဖမ်းဆီးခေါ်ဆောင် ခဲ့သူတွေ ထဲက အများအပြားဟာ တပ်မတော်ရဟတ်ယာဉ် လာရောက်ပစ်ခတ်မှုကြောင့် သေဆုံးသွား ကြတယ်လို့ ဒီနေ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */