VOA
ဗွီအိုအေ (မြန်မာဌာန)
29 နိုဝင်ဘာ၊ 2019
ကိုနိုင်ကွန်းအိန်
ဗွီအိုအေ (မြန်မာဌာန)
29 နိုဝင်ဘာ၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင်ပြည်နယ်အတွင်း ရေကြောင်းခရီးသွားလာမှုနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုပ်ဆောင်ရင် AA ရခိုင် လက် နက်ကိုင် တပ်ဖွဲ့ကို အကြောင်းကြားဖို့AA ဘက်က မနေ့က သတင်းထုတ်ပြန်ထားတာပါ။ မြန်မာစစ် တပ် ဘက်ကနေ အရပ်ဘက် လှေတွေကို အသုံးပြုပြီး စစ်လက်နက် တပ်အင်အားတွေ တင်ဆောင်နေတဲ့ အခြေအနေကြောင့် ဒီလိုထုတ်ပြန်တာလို့ AA ဘက်က ပြောပါတယ်။ ဒီလိုရေကြောင်း ခရီးသွားလာမှုကို ကန့်သတ်လာတဲ့အတွက် ဒေသခံ လှေသမားတွေနဲ့ ကုန်သည်တွေက အခက်တွေ့နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွါးနေဆဲလည်း ဖြစ်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသ တင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။