" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 19, 2022

နယ်မြေကျော် ရိုဟင်ဂျာများကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်

သတင်းနှင့်မီဒီယာကွန်ယက်
Thursday, November 17, 2022

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် အတွင်း စက်လှေပျက်ပြီး အဖမ်း ခံထားရသည့် ရိုဟင်ဂျာ ၃၅ ဦးကို စစ်ကောင် စီ၏ ဘိုကလေးမြို့နယ် တရားရုံးက ထောင်ဒဏ် ၅ နှစ်စီ ချလိုက် သည်ဟု တရားရုံး အသိုင်းအဝိုင်းထံမှ သိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့က ထောင်ဒဏ် ၅ နှစ်စီ ချခံလိုက်ရသည့် ရိုဟင်ဂျာများထဲတွင် အသက်မပြည့်သေးသူ ၁၃ ဦးကိုမူ ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ရန် အမိန့်ချလိုက်သည်ဟု တရားရုံး အသိုင်း အဝိုင်းနှင့် ဧရာဝတီ မြန်မာ-မူဆလင် လူငယ်ကွန်ရက် အဖွဲ့ဝင်များက ပြောသည်။
                                                                             
ဧရာဝတီ မြန်မာ-မူဆလင် လူငယ်ကွန် ရက် အဖွဲ့ဝင်တစ်ဦးက “နယ်မြေဖြတ်ကျော်လာတဲ့ ရိုဟင်ဂျာတွေလ၀က ပုဒ်မ နဲ့ ထောင် ၆ လ ကနေ ၂ နှစ် အထိပဲ အမိန့်ချလေ့ ရှိ တယ်။ ဒီတခါ ဘိုကလေး တရားရုံးက ၅ နှစ်ချတများ လွန်းတယ်” ဟု ပြောသည်။

အောက်တိုဘာ ၃၀ ရက်နေ့ က စက်လှေပျက်၍ ဖမ်းမိခဲ့သည့် ရိုဟင်ဂျာ ၆၂ ဦးအနက် ၄၈ ဦးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကူးလာသူများဖြစ်သည်ဟု ဆိုကာ တရားရုံးက ဆုံးဖြတ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူ ၃၅ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့သည်။ ၎င်းတို့အနက် အသက် ၁၈ နှစ် မပြည့်သေးသည့် ရိုဟင်ဂျာ ၁၃ ဦးကို ငှက် အော်စမ်း လူငယ် ထိန်းသိမ်းရေး စခန်းသို့ ပို့ဆောင်ရန် အမိန့်ချလိုက်သည်ဟု တရားရုံး အသိုင်းအဝိုင်း က ပြော သည်။

အသက် ၁၈ နှစ် မပြည့်သေးသည့် ရိုဟင်ဂျာ ၁၃ ဦး ကို ငှက်အော်စမ်း လူငယ်ထိန်းသိမ်းရေး စခန်းတွင် အသက် ၂၀ ပြည့်သည့်အထိ ထိန်းသိမ်းထားမည်ဟု တရားသူကြီးက အမိန့်ချလိုက်သည်ဟု ဧရာဝတီ မြန်မာ-မူဆလင် လူငယ်ကွန် ရက် အဖွဲ့ဝင်က ဆက်ပြောသည်။

အမာမြို့နယ်ခွဲက ကတုံးလေးကျွန်းအနီးတွင် အောက်တိုဘာ ၃၀ ရက်နေ့က စက်လှေပျက်၍ ဖမ်းမိခဲ့သည့် ရိုဟင် ဂျာများတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ၄၈ ဦး၊ ခရီးသွား ပုံစံ ၄ မပါသည့် မောင်တော ဒေသခံ ရိုဟင်ဂျာ ၁၄ ဦး နှင့် ရိုဟင်ဂျာများကို ပို့ဆောင်ပေးသည့် ရခိုင်တိုင်းရင်းသား ၇ ဦး တို့ ပါဝင်သည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ အချို့ က ပြောသည်။

“မောင်းတော ဒေသခံ ရိုဟင်ဂျာတွေကိုတော့ ခရီးသွားပုံစံ (၄) မပါဘဲ ခရီးသွားမှုနဲ့၊ ပို့ဆောင်ပေးတဲ့ ရခိုင် တိုင်း ရင်းသားတွေကိုတော့ လူကုန်ကူးမှုနဲ့ တရားစွဲထားခံခဲ့ရတာ ဟုတ်တယ်”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြော သည်။

NLD အစိုးရလက်ထက်တွင် ဖမ်းမိသည့် ရိုဟင်ဂျာများကို နေရပ်သို့ ပြန်ပို့ ပေးခဲ့ကြသော်လည်း စစ်ကောင်စီ လက်ထက်တွင်မူ ထောင်ဒဏ်ချမှတ် အရေးယူမှုများ လုပ်နေပြီး ယခုတစ်ကြိမ် ချမှတ်သည့် ထောင်ဒဏ် ၅ နှစ် မှာ အများဆုံးဖြစ်သည်ဟု ဧရာဝတီ မြန်မာ-မူဆလင် လူငယ်ကွန်ရက် ကတာဝန်ရှိသူများက ပြောသည်။

ရခိုင်ပြည်နယ် အတွင်း ကျေးရွာများ၌ နေထိုင်ကြသည့် ရိုဟင်ဂျာများက ရေလမ်း၊ ကုန်းလမ်း ထိစပ်နေသည့် ဧရာဝတီတိုင်း အတွင်းသို့ မကြာခဏ နယ်မြေဖြတ်ကျော် ဝင်ရောက်လာလေ့ရှိပြီး စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးမိသည့် ရိုဟင်ဂျာ ၆၀၀ ကျော်ရှိပြီ ဖြစ်ရာ ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံရသူပေါင်း ၂၀၀ နီးပါး ရှိနေပြီဟု ဒေသခံ သတင်း အရင်းအမြစ်များနှင့် ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့များ၏ စာရင်းများအရ သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */