Showing posts with label စေတီတောင်. Show all posts
Showing posts with label စေတီတောင်. Show all posts

Saturday, May 4, 2019

စေတီတောင် ဒေသခံတစ်ဦး သဗ္ဗာန်လှေနဲ့ ထင်း သယ်သွားစဉ် ပစ်ခတ်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-05-04
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ စေတီတောင်ရွာသား ဦးခင်မောင် ကို ၂ဝ၁၉ ခုနှစ် မေလ ၃ ရက်နေ့က စစ်တွေဆေးရုံမှာ တွေ့ရစဉ် Photo: RFA


ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စေတီတောင်ကျေးရွာကနေ စည်တောင်ကျေးရွာဘက်ကို မနေ့ကနေ့ လယ်ပိုင်းမှာ စက်တပ်သဗ္ဗာန်လှေနဲ့ ထင်းတင်ဖို့သွားတဲ့ အသက် ၅၄ အရွယ် ဦးခင်မောင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ဝဲဘက်ခါးအထက်ပိုင်းမှာ ကျည်ထိမှန်သွားပြီး စစ်တွေဆေးရုံကြီးကို မနေ့ညနေက အရေးပေါ်ပို့ဆောင်လိုက်ရပါတယ်။

Sunday, March 24, 2019

ဘူးသီးတောင်မြို့နယ်အတွင်း ပစ်ခတ်မှု အရပ်သား ၅ ဦးသေဆုံး ၂၀ ကျော်ဒဏ်ရာရ

VOA 
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်၊
22 မတ်၊ 2019 

 ကျောက်တော်မြို့နယ်အစပ်ရှိ ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်း 
 
မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA အဖွဲ့တို့အကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်မြို့နယ် စည်တောင်ရွာအတွင်းမှာ မတ်လ (၂၁) ရက် ကြာသပတေးညက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ခံရမှုကြောင့် ရွာသား(၅)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သလို လူဦးရေ (၄၀၀)ကျော် စစ်ဘေး တိမ်းရှောင်နေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Saturday, February 9, 2019

ဘူးသီးတောင် စေတီတောင် ဘော်လီရွာ၌ ရိုဟင် ဂျာပိုင် နွားတင်းကုပ်များနှင့် ကောက်ရိုးပုံများ မီးရှို့ခံရ

Rohingya Today
ကျော်စိုး၊ ဖေဖေါ်ဝါရိလ(၉)ရက်၊
မီးရှို့ခံရသည့် ကောက်ရိုးပုံများနှင့် နွားရုံများ
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း စေတီတောင်ကျေးရွာအုပ်စု၊ ဘော်လီ ရွာ မှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားတင်းကုပ် ၅ ခုနှင့် ကောက်ရိုးပုံ ၄ ပုံ မီးရှို့ခံရသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */