" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, November 29, 2023

ရခိုင်တွင် လက်နက်ကြီးမှန်၍ အရပ်သား ၄ ဦး ပွဲချင်းပြီး သေဆုံး

ဧရာဝတီ
28 November 2023

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ (CJ)

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ ကျောက်တော်၊ မောင်တော၊ ဘူးသီးတောင် စသည့် မြို့နယ်များတွင် စစ်ကောင်စီက လက်နက်ကြီး အပါအဝင် ဒရုန်းများဖြင့် ကျေးရွာများအား ပစ်မှတ်ထားတိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူ ၄ ဦး ပွဲချင်း ပြီးသေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက်၊ ည ၈ နာရီဝန်းကျင်တွင် မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၃၇၈ မှ လက် နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ယင်းမြို့နယ် ပန်းဖဲတန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အ သက် ၁၆ နှစ်အရွယ် မချိုချို ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မြောက်ဦးဒေသခံတဦးက ဧရာဝတီကို ပြောသည်။

၎င်းက “မြောက်ဦးမှာရှိတဲ့ တပ်တွေက ညနေဘက်ဆို လက်နက်ကြီးတွေ ဘယ်ကိုပစ်မှန်းမသိ ဆက် တိုက်ထုနေတာမြို့ခံတွေလည်းနားတွေမခံနိုင်တော့ဘူးမနေ့ကဆို၃၇၈တပ်ရင်းအနီးကပန်းဖဲတန်းရွာ ကို လက်နက်ကြီးကျလို့ အိမ်မှာ အိပ်နေတဲ့ မိန်းကလေးတယောက် ဆုံးသွားတယ်” ဟု ဆိုသည်။

ထို့ပြင် နိုဝင်ဘာ ၂၇ ရက် ညနေ ၇ နာရီံဝန်းကျင်ကလည်း စစ်တွေမြို့အဝင် စစ်ကောင်စီ၏ ကျောက် တန်း စစ်ဆေးရေးဂိတ် အနီး တောင်ကန်ကျေးရွာအား စစ်ကောင်စီက ဒရုန်းဖြင့် လာရောက်ဗုံးကြဲ သ ဖြင့် အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာများ (ပြင်းထန်) ရရှိခဲ့ကြောင်း ဒေသခံများ ထံမှ သိရသည်။

အလားတူ ဘူးသီးတောင်မြို့နယ်၊ ဝါးချီးလာ မွတ်ဆလင်ကျေးရွာတွင်လည်း ယမန်နေ့ ညနေ၆နာရီဝန်း ကျင်၌ ယင်းမြို့နယ် အခြေစိုက် ခမရ-၅၆၅ မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အ ရွယ် မွတ်စလင် လူငယ် ၂ ဦးနှင့် ၆၀ အရွယ် အမျိုးသမီး ၁ ဦးတို့ သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယင်းကျေးရွာ ဒေသခံတဦးက “သူတို့က စိုက်ခင်းမှာ အလုပ်လုပ်နေတဲ့အချိန်တိုက်ပွဲလည်းမရှိဘဲလက် နက်ကြီး လာကျတာ။ ကလေး ၂ ယောက်နဲ့ မိန်းမ ၁ ယောက် သေတယ်။ ဒဏ်ရာရတဲ့သူ ၅ ယောက်က တော့ မနေ့က ဆေးရုံကို ပို့ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ယမန်နေ့ ည ၈ နာရီဝန်းကျင်ကလည်း မောင်တောမြို့နယ်၊ အောင်သုခကျေးရွာသား အသက် ၅၀ နှစ် အရွယ် ဦးစိန်ကျော် လှ လယ်ကွင်းသို့ သွားရောက်စဉ် အင်းဒင်နယ်ခြားစောင့်တပ်ရင်းမှ လက်နက်ငယ် ဖြင့် ပစ်ခတ်သည့်အတွက် ထိခိုက်ဒဏ် ရာရရှိခဲ့သလို ယနေ့ နံနက်တွင် ကျောက်တော်မြို့နယ်၊ ပြင်လှ ကျေးရွာသား အသက် ၃၅ နှစ်အရွယ် ကိုအောင်နိုင်ချေမှာ ၎င်း၏စပါးခင်းသို့သွားစဉ် ခမရ-၃၇၆ တပ် ရင်းမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်ကိုထိမှန်ပြီး ဆေးကုသမှုခံယူနေရ ကြောင်း ဒေသခံများ ထံမှ သိရသည်။

အဆိုပါ အရပ်သားထိခိုက်မှု အခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆို ခြင်းမျိုး မရှိသေးပေ။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး ရက္ခိုင့်တပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အတွင်း စစ်ကောင်စီက လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ဦး သေဆုံး ကာ ဒဏ်ရာရရှိသူ ၅၀ နီးပါး ထိရှိကြောင်း ရခိုင်အခြေစိုက် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

You may also like these stories:


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */