Showing posts with label အတိုင်ပင်ခံပုဂ္ဂိုလ်. Show all posts
Showing posts with label အတိုင်ပင်ခံပုဂ္ဂိုလ်. Show all posts

Friday, November 22, 2019

လက်ရှိကြုံတွေ့နေရသော နိုင်ငံတော်၏အခြေအနေ အရပ် ရပ်ကို ရှင်းပြမည့် နိုင်ငံတော်သမ္မတ၏ ရှင်းလင်းဆွေးနွေးပွဲ သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ် ရေးဦး စီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်မည်

ELEVEN
23 NOVEMBER 2019  
မင်းနိုင်စိုး 
၂၀၁၈ ခုနှစ် ဇွန် ၈ ရက်က နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် ရခိုင်ပြည်နယ်အရေး ကိစ္စအပါအဝင် အမျိုးသားလုံခြုံရေးနှင့်နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့် စပ်လျဉ်းသည့်အစည်းအဝေး
 
 လက်ရှိကြုံတွေ့နေရသော နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ရှင်းပြမည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၏ ရှင်းလင်းဆွေးနွေးပွဲကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ယနေ့ (နိုဝင်ဘာ ၂၃ ရက်) နံနက် ၉ နာရီခွဲ၌ ပြုလုပ်သွားမည်ဖြစ်ပြီး အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ်မတော်အရာရှိကြီးများနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေ သကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

Wednesday, November 20, 2019

ICJ ဖြေရှင်းဖို့ အတိုင်ပင်ခံကိုယ်တိုင်ဦးဆောင် သွားရောက် မည်

VOA
 ဗွီအိုအေ (မြန်မာဌာန)
20 နိုဝင်ဘာ၊ 2019
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦး ဆောင်ဖြေရှင်းသွားမယ့်အကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

Tuesday, January 29, 2019

ဦးကိုနီ လုပ်ကြံမှု အမှုမှန်ပေါ်ပေါက်ရေး နိုင်ငံ တော် အတိုင်ပင်ခံ တိုက်တွန်း

VOA
ဗွီအိုအေမြန်မာပိုင်း
ထက်အောင်ခန့်
၂၉ ဇန်နဝါရီ၊ ၂၀၁၉
                                                             ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ ၂ နှစ်ပြည့်အထိမ်းအမှတ်

   တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ ကွယ်လွန်သွားတာဟာ မြန်မာနိုင်ငံ အတွက် ဆုံးရှုံးမှု ဖြစ်ပြီး အမှန်တရားပေါ်ပေါက်အောင်ကြိုးပမ်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဦးကိုနီနဲ့ ကိုနေဝင်းတို့ ကွယ်လွန်သွားတာ နှစ်နှစ်ပြည့်အထိမ်း အမှတ် အဖြစ် ဒီကနေ့ ရန်ကုန်မြို့မှာကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာထဲမှာ အဲဒီလို တိုက်တွန်းထားတာပါ။ ဒီကနေ့ အခမ်းအနားကို ကိုယ်တိုင်သွားပြီး သတင်းယူ ခဲ့တဲ့ ဗွီအိုအေမြန်မာ ပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */