ဦးဦးမှော်ဆရာ
28.11.2013
28.11.2013
ရခိုင်မှာ ရိုဟင်ဂျာ တွေကို အကြမ်းဖက် မီးရှို့သတ်ဖြတ် မှုတွေ စဖြစ်ပြီး တစ်နှစ်ကျော် လောက်ထိက နိုင်ငံ တကာ အဖွဲ့ အစည်း တွေနဲ့ စကား ပြောတဲ့ အခါ ရိုဟင်ဂျာ သမိုင်းကြောင်းနဲ့ ဒီပြဿနာ တွေကို ဘယ် သူ တွေက ဘယ်လို ဖန်တီး ခဲ့တယ် ဆိုတဲ့ ကိစ္စ တွေကို သူတို့ စိတ်ဝင် တစား နားထောင် ကြတယ်။ အဲ ဒီ နောက်ပိုင်း မှာတော့ တွေ့သမျှ အဖွဲ့ အစည်း တွေက သမိုင်း ကြောင်းတွေ၊ ဘယ်သူ တွေက ဘယ်လို လုပ်တာပါ ဆိုတာ တွေကို သိပ်စိတ်မဝင် စားတော့ဘဲ ဒီပြဿနာတွေ ပြေလည်အောင် နဲ့ နောင် ဒါမျိုးတွေ မဖြစ်အောင် ဘယ်လို လုပ်နိုင် မလဲ ဆိုတဲ့ မေးခွန်း ကိုပဲ စိတ်ဝင် တစား မေးတာ တွေ့ရတယ်။ ဒါကြောင့် ကျနော်လည်း ရိုဟင်ဂျာသမိုင်း ကြောင်းတွေ သိပ်မရေးဖြစ်တော့ဘဲ ဘယ်လို လမ်းကြောင်းနဲ့ sustainable solution ရှာရင် ရနိုင် မလဲ ဆိုတဲ့ အပိုင်းကို အာရုံ ပိုကျ မိတယ်။ ခုလည်း တကယ်တမ်း ကျနော့် ရေးလက် စ ဆောင်းပါးက တခြား အကြောင်း အရာပါ။ ဒါပေမဲ့ ဒီရက်ပိုင်း နည်းနည်း ဟော့ခဲ့တဲ့ သတင်း တချို့ကို ဖတ်ပြီးတော့ ရေးချင်စိတ် ဖြစ်လာလို့ ဒီဆောင်းပါး ရေးလိုက် ပါတယ်။