VOA
ဗွီအိုအေ (မြန်မာဌာန)
22 သြဂုတ်၊ 2019
ထက်အောင်ခန့်
ရခိုင်ပြည်မြောက်ပိုင်းက အကြမ်းဖက်ပဋိပက္ခတွေကြောင့် အိမ်နီးချင်းဘင်္ဂလားဒေ့ရ်ှနိုင်ငံကို တိမ်းရှောင် သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ် ပြန်စဖို့ ဒုတိယအကြိမ်ကြိုးပမ်းမှုအဖြစ် ဒီကနေ့ စတင်ဆောင်ရွက်ခဲ့ပေမယ့် တယောက်မှ ပြန်မရောက်လာပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှ အာဏာပိုင်တွေအကြိမ်ကြိမ် ဆွေးနွေးခဲ့သလို၊ မြန်မာတာဝန် ရှိသူတွေကိုယ်တိုင် ဒုက္ခ သည်တွေနဲ့လည်း တွေ့ဆုံညှိုနှိုင်းမှုတွေလုပ်ခဲ့ပေမယ့် ဒီတကြိမ်လည်း ဒုက္ခသည် နေရပ်ပြန်ရေးအစီအစဉ် မအောင်မမြင်ဖြစ်ရပြန်ပါတယ်။