ဗွီအိုအေ (မြန်မာဌာန)
17 မေ၊ 2019
ကောင်းစံဟိန်း
သတင်းဓါတ်ပုံ - Nang Phyu Phyu Linn
ရန်ကုန် ဒဂုံမြို့သစ်တောင်ပိုင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ္မဒန် ဥပုဒ် ကာလအတွင်း တရားဝင်သတ် မှတ်ထားတဲ့ ဝတ်ပြုဆုတောင်းတဲ့ နေရာတခုကို လူအင်အား ၁၀၀ ကျော်လောက်က မေလ ၁၅ရက်က ဝင်ရောက်တားဆီးခဲ့တဲ့အတွက် ယာယီ ဝတ်ပြုမိန့် ပိတ်ထားရာကနေ ဒီကနေ့ မနက်ပိုင်းကစပီး ဝတ်ပြု ခွင့်ပြုလိုက်ပါပီ။ အာရှအလင်းရောင်ဆရာတော်အပါအဝင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးနဲ့ ငြိမ်းချမ်းရေး လိုလားသူတွေက အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုရာနေရာတွေကို သွားရောက်အားပေးပြီး အမုန်းတရား ကင်းစင်ရေး အဖြူရောင်လှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်း ကပြောပြပေးမှာပါ။