" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 12, 2023

အင်ဒိုကမ်းခြေရောက် ရိုဟင်ဂျာတွေကို ဒေသခံတွေဆန္ဒပြ မောင်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)

၁၂ ဒီဇင်ဘာ၊ ၂၀၂၃ 

MIGRATION-INDONESIA/ROHINGYA

အင်ဒိုနီးရှားနိုင်ငံ အာချေးက ဆာဘန်ကျွန်းကို လှေနဲ့ရောက်ရှိလာတဲ့ရိုဟင်ဂျာတွေကို ဒေသခံတွေက ပြန်နှင်ထုတ်ဖို့ ကြိုးစားနေကြတာကြောင့် အထိတ်တလန့်ဖြစ်ရပါတယ်လို့ ကုလသမဂ္ဂဒုက္ခသည် များ ဆိုင်ရာရုံး UNHCR က ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ရိုဟင်ဂျာတွေရဲ့တဲတွေကို ဆုတ်ဖြဲပစ်ကြပြီး ပင်လယ်ထဲပြန်မောင်းထုတ်ဖို့ ကြိုးစားခဲ့ ကြတာကို ဒေသခံ ရုပ်မြင်သံကြားပေါ်မှာ တွေ့ရှိရတဲ့အတွက် UNHCR အာရှဒေသ ပြောရေးဆိုခွင့် ရှိ သူ ဘာဘာ ဘဲလော့ချ် (Babar Baloch) က ခုလို ပြောလိုက်တာပါ။ အင်ဒိုနီးရှားသမ္မတ Joko Widodo ကတော့ ခုလို ရောက်လာသူတွေများလာတာအတွက် လူကုန်ကူးသူတွေကို အပြစ်တင်လိုက် ပြီး အဲဒီသူတွေကို အရေးယူမယ်လို့ဆိုပါတယ်။

ယာယီခိုလှုံရာအဖြစ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်ပါမယ်လို့တော့ သမ္မတက ကတိပေး ထားပါတယ်။ အာချေးပြည်သူတွေက ရိုဟင်ဂျာတွေအပေါ် နှစ်ပေါင်းများစွာစာနာခဲ့ပေမဲ့ အာချေးကို ရောက်လာကြတာက ထိုးတက်လာတဲ့အခါမှာတော့ ခုလို ဖြစ်ရပ်တွေ ဖြစ်ပွါးခဲ့ရတာဖြစ်ပါတယ်။

‘အာချေးမှာ ဆင်းရဲသားတွေ အများကြီးပါ။ ဘာကြောင့်ထောင်ချီလာတဲ့ရိုဟင်ဂျာတွေကိုစောင့်ရှောက် ရမလဲ’ လို့ ဒေသခံ အယ်လာ စက်ပ်တီးယား (Ella Septia) က မေးခွန်းထုတ်လိုက်ပါတယ်။ တဘက် မှာတော့ “ကျနော်တို့ဘဝက အင်ဒိုနီးရှား အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေရဲ့ လက်ထဲမှာပါ။” လို့ ရိုဟင် ဂျာ ဒုက္ခသည် Muhammad Hasyim က ပြောပါတယ်။ ပင်လယ်ထဲမှာ ၁၄ ရက်ကြာပြီး နိုဝင်ဘာလ လယ်က အာချေးကို သူ ရောက်လာခဲ့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */