VOA
ဗွီအိုအေ (မြန်မာဌာန)27 မေ၊ 2019
ကိုမိုးဇော်
၂၀၁၇ ခုနှစ်အတွင်းက အင်းဒင်ရွာအတွင်း အသတ်ခံခဲ့ရတဲ့ ရိုဟင်ဂျာ ၁၀ဦး (စက်တင်ဘာ၊ ၀၁၊ ၂၀၁၇)
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် အင်းဒင်ကျေးရွာမှာ မူဆလင် ၁၀ ဦး သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ထောင်ဒဏ် ၁၀ နှစ် စီကျခံနေရတဲ့ တပ်မတော်သား ၇ ဦးကို မူလက စစ်တွေ အကျဉ်းထောင်မှာ ထိမ်းသိမ်းထားပေမယ့် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ပြန်လည် လွှတ်ပေးလိုက်ပြီလို့ ရိုက်တာ သတင်းတရပ်က ဖော်ပြပါတယ်။ အကျဉ်းဦးစီးဌာနကတော့ ဒီလူတွေကို အရပ်ဖက် အကျဉ်းထောင်တွေမှာ ထိမ်းသိမ်းထားတာ မရှိတော့ဘူး လို့ ပြောပေမယ့် ဘယ်လို ပုံစံနဲ့ ပြန်လည် လွှတ်ပေးခဲ့တယ်ဆိုတာကိုတော့ ပြည်ထဲရေးဌာန ကရော ကာ ကွယ်ရေးဌာနကပါ ရှင်းရှင်းလင်း လင်း တုံ့ပြန်ဖြေကြားခြင်း မရှိပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်း ရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။