Showing posts with label ပြန်ဝင်. Show all posts
Showing posts with label ပြန်ဝင်. Show all posts

Saturday, October 12, 2019

ပြန်ဝင်လာတဲ့ ရိုဟင်ဂျာတွေ ဘယ်လိုရပ်တည်နေကြသလဲ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-10-11
တောင်ပြိုလက်ဝဲက လက်ခံရေးစခန်းကို တွေ့ရစဉ် 
Photo: Min Thein Aung/RFA
 ဘင်္ဂလားဒေ့ရ်ှဘက်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတချို့ ရခိုင်ပြည်နယ်ဘက် ပြန်လည်ဝင်ရောက်လာကြပေမယ့် သူတို့ နောက်ဆုံးနေထိုင်သွားတဲ့နေရာတွေမှာ ပြန်လည်နေထိုင်ဖို့ အခြေအနေ မပေးသေးပါဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂ လားဒေ့ရ်ှနိုင်ငံဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက ၃၀၀ လောက်ဟာ ကိုယ့်သဘောနဲ့ ကိုယ် ပြန်လည်ဝင်ရောက်နေကြပြီလို့ အစိုးရက ပြောဆိုထားပါတယ်။

Monday, May 13, 2019

ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည် ၂ဝဝ ကျော်ပြန်ဝင် လာကြောင်း ဒေါက်တာဝင်းမြတ်အေး ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-13
 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၂ဝ၁၉ ခုနှစ် မေလ ၁၃ ရက်နေ့က ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးကိစ္စ ရှင်းလင်းစဉ်
Photo: Win Ko Ko Latt/RFA 

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေထဲက ပြန်လည်ဝင်ရောက်လာတဲ့သူ ၂ဝဝ နီးပါးရှိပြီလို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */