Showing posts with label အထက်လွှတ်တော်အမတ်. Show all posts
Showing posts with label အထက်လွှတ်တော်အမတ်. Show all posts

Sunday, April 14, 2019

မြန်မာ အရာရှိတွေကို အရေးယူမယ့် ဥပဒေ ဂျူး ညွန့် ပေါင်းအဖွဲ့ ထောက်ခံ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-04-14

နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ စစ်တပ်အရာရှိတချို့ကို တွေ့ရစဉ်
 
  ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလူမျိုးတွေအပေါ် ညှဉ်းပမ်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာတပ်မတော် အရာရှိတွေကို ပိတ်ဆို့အရေးယူဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက အဆိုပြုခဲ့တာကို (Jewish Rohingya Justice Network - JRJN) ဂျူး ရိုဟင်ဂျာ တရားမျှတမှု ကွန်ရက်လို့ အမည်ပေးထား တဲ့ ညွန့်ပေါင်းအဖွဲ့က ထောက်ခံကြိုဆို လိုက်ပါတယ်။

Wednesday, March 6, 2019

တိုင်းရင်းလက်နက်ကိုင် ၄ ဖွဲ့အကောင့်တွေပိတ်ခဲ့တဲ့ FaceBook ကို ကန်ဝါရင့်အမတ် ရှင်းလင်းချက် တောင်းခံ

VOA
ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင် ၊
06 မတ်၊ 2019 
 အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင် ဝါရင့် ဒီမိုကရက် အထက်လွှတ်တော်အမတ် Edward Markey
 
မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ရဲ့ Facebook အကောင့်တွေကို ပိတ်လိုက်ခြင်းအားဖြင့် အစိုးရဘက်က ငြိမ်းချမ်းရေးစေ့စပ်ညှိုနှိုင်းနေသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အမေရိကန်နဲ့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေအပါအဝင် ပြင်ပကမ္ဘာနဲ့ စေ့စပ်မှုလမ်းကြောင်းကို ဖြတ်တောက်လိုက် တာဖြစ် တယ်လို့ အမေရိကန် ဝါရင့်အထက်လွှတ်တော်အမတ်တဦးက Facebook ကုမ္ပဏီကို ပြင်းပြင်း ထန်ထန်ေ၀ ဖန်လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */