Showing posts with label ထောက်ခံပွဲ. Show all posts
Showing posts with label ထောက်ခံပွဲ. Show all posts

Thursday, December 5, 2019

ICJ သွားမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့် ထောက်ခံကြတာလဲ

လွတ်လပ်တဲ့အာရှအသံ( RFA )
နေမျိုးထွန်း၊ ဖြူဖြူခိုင်
2019-12-05
ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို သွားရောက်ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၉ နိုဝင်ဘာ ၂၄ ရက်နေ့က မုံရွာမြို့မှာ ထောက်ခံစဉ် Photo: Thant Zin 


မြန်မာနိုင်ငံကို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို လာမယ့် ဒီဇင် ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သဟိဂ်မြို့မှာ စတင်ကြားနာတော့မှာဖြစ်ပါတယ်။

Friday, November 29, 2019

ICJ တွင် အမှုရင်ဆိုင်ရာ၌ အစိုးရက မည်သူ့ကိုမျှ မတိုက် ခိုက်ဘဲ ပကတိအရှိတရားကို ကမ္ဘာကသိရှိအောင် ဆောင် ရွက်မည်

7DAY DAILY
ထက်အာကာကျော်
November 28, 2019


ထောက်ခံပွဲများပြုလုပ်ရာတွင် တစ်ဖက်ကို ထိခိုက်၊ ပြဿနာဖြစ်စေမည့် လုပ်ဆောင်ချက်မျိုးမဖြစ်ပေါ် စေရန် ထုတ်ပြန်ဟုဆို

 အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် မြန်မာအပေါ် တရားစွဲဆိုခံရသည့်အမှုကို ရင်ဆိုင်ရာ၌ နိုင်ငံတော် အစိုးရအနေဖြင့် မည်သည့်နိုင်ငံ၊ လူမျိုး၊ ဘာသာ၊ အစုအဖွဲ့ကိုမျှ ထိခိုက်နစ်နာစေခြင်း၊ တိုက်ခိုက်ခြင်း မလုပ် ဆောင်ဘဲ ပကတိအရှိတရားနှင့် သန္နိဋ္ဌာန်ကို ကမ္ဘာက  သိရှိနားလည်စေရေး ကြိုးပမ်း ဆောင်ရွက်မည်ဟု နိုင်ငံခြားရေး ဝန် ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

Sunday, November 24, 2019

ICJ အမှု ရင်ဆိုင်မယ့် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပွဲ တွေ ဝေဖန်ခံရ

bamakhit
By D Nae Khit
November 24, 2019
အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်ထားတာကို သွားရောက် ရင်ဆိုင်မယ့် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကို ထောက်ခံတဲ့ လူထုလှုပ်ရှားမှုတွေ ရှိလာမယ့်အပေါ် ဝေဖန်မှု တွေ ရှိနေပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် တပ်မတော်က လူ့အခွင့်အရေး ဖောက်ဖျက်ကျူး လွန်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အမှုဖွင့်ထားတာ မကြာခင်မှာ ကြားနာတော့မှာပါ။ ဒီကိစ္စကို နိုင်ငံကိုယ်စား အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်ပြီး သွားရောက်ရင် ဆိုင်မယ်လို့ ကြေညာ လိုက်တဲ့အပေါ် ထောက်ခံကြိုဆိုမှုတွေ ရှိလာတဲ့ နောက်ဆက်တွဲမှာ လူထုလှုပ် ရှားမှုတွေလည်း ဆက်တိုက်ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */