ဗွီအိုအေ (မြန်မာဌာန)
သက်နိုင်
14 ဒီဇင်ဘာ၊ 2019
ဘူးသီးတောင်မြို့နယ် ဆင်သေပြင်ကျေးရွာ လက်နက်ကြီးကျရောက်ပေါက်ကွဲ မီးလောက်ပြီး မြင်ကွင်း။ (ဓာတ်ပုံ - ဦးအော်သောင်းရွှေ။ ဒီဇင်ဘာ ၁၄၊ ၂၀၁၉)
ဘူးသီးတောင်မြို့နယ် ဆင်သေပြင် ရိုဟင်ဂျာကျေးရွာအတွင်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ တာကြောင့် နေအိမ်နှစ်လုံး မီးလောင်သွားပြီး ကျေးရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဘူးသီးတောင်မြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။ လွှတ်တော်အမတ်တွေနဲ့ ဒေ သခံတွေကတော့ တပ်မတော်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပြောဆို ကြပေမယ့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ သူတို့ပစ်တာ မဟုတ်သလို အဲဒီဘက်မှာ သူတို့တပ်လည်း မရှိဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် ကိုသက် နိုင်က တင်ပြပေးထားပါတယ်။