" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, March 7, 2024

မောင်တောနယ်မှာ အရပ်သားနှစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

RFA
RFA Burmese
2024.03.07 

ရခိုင်ပြည်နယ် မောင်တောမြို့အဝင်ဝအား တွေ့ရစဉ်။ RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းက ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို မတ်လ ၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က တောင်ပြို-ကြိမ်းချောင်းကားလမ်းမပေါ်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက သေ နတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နံသာတောင်ကျေးရွာက အသက်(၃၀)အရွယ် ဒေါ်သူဇာနဲ့ တောင်ပြိုလက်(ဝဲ)မြို့မှာနေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် မောင်ဘုတို့ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသွားတာ ဖြစ်ပါတယ်။

သေဆုံးသွားသူနှစ်ဦးဟာ အိမ်စီးကားအဖြူနဲ့ မင်းကြီးကျေးရွာဘက်ကနေ နံသာတောင်ကျေးရွာဘက်ကိုသွားချိန် ယာကုန်းကျေးရွာနဲ့ သဲချောင်းကျေးရွာကြားက ကားလမ်းမပေါ်မှာ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်လို့ နာမည်ပေးထားတဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့က သတ်သွားတာလို့ ဒေသတွင်း သ တင်း ထွက်ပေါ်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နံသာတောင် ကျေးရွာသား တစ်ဦးက RFA ကိုပြော ပါတယ်။

“သေနတ်နဲ့ပစ်သတ်ခံရတာပါ။ ARSA အဖွဲ့က လုပ်သွားတာလို့ပြောနေကြတယ်။ အခုအလောင်းတွေကိုတော့ ရွာပြင်မှာထားထားတယ်။ သူတို့နှစ်ယောက်က မောင်နှမ တစ်ဝမ်းကွဲတော်ကြတယ်လို့ပြောတယ်။ ရွာကိုအလာ လမ်းမှာဖြစ်တာ”

ဒေသခံတွေရဲ့ အဆိုအရ ARSA အဖွဲ့က လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်တယ်ဆိုတဲ့အချက်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရပ်သားနှစ်ဦး အသတ်ခံရတဲ့နေရာဟာ ARSA အဖွဲ့တွေလှုပ်ရှားသွားလာနေတဲ့ နေရာတစ်ခုဖြစ်သလို အဲဒီပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇွန်လကလည်း ပညာရေးဝန်ထမ်းနှစ်ဦးပြန်ပေးဆွဲခံခဲ့ရပြီး ARSA အဖွဲ့က လုပ် ဆောင်ခဲ့တာလို့ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောခဲ့ပါတယ်။

ကြိမ်းချောင်း-တောင်ပြိုကားလမ်းပေါ်က အရပ်သားနှစ်ဦးသတ်ခံလိုက်ရတဲ့ သဲချောင်းနယ်မြေဟာ ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်ပြီး အဲဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ဘယ်လိုဆောင်ရွက်နေလည်း ဆိုတာကိုသိရဖို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို RFA ဆက်သွယ် မေးမြန်းထားပေမဲ့ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးပါဘူး။

ဆက်နွယ်သောသတင်းများ  
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */