Showing posts with label မေးမြန်းခန်း Video. Show all posts
Showing posts with label မေးမြန်းခန်း Video. Show all posts

Saturday, October 10, 2020

လူအခွင့်အရေးအဖွဲ့ HRW နဲ့ ဆက်သွယ်မေးမြန်းခြင်း

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
မိုးမြင့်
2020-10-10

 နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က အောက်တိုဘာ ၉ ရက်နေ့က ထုတ် ပြန်တဲ့ စာမျက်နှာ ၁၆၉ မျက်နှာရှိတဲ့ အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်း၂၄ ခုမှာ ရိုဟင်ဂျာ ၁၃၀၀၀၀ ကျော်ဟာ အကျယ်ချုပ်ကျခံရသလို ဖြစ်နေတာ ရှစ်နှစ်ကြာပြီလို့ ဖော်ပြထားပါတယ်။ ဒုက္ခသည်တွေ ရဲ့ နေထိုင်ဖို့ မသင့်လျော်တဲ့ စခန်းတွေရဲ့ အခြေအနေ၊ အစိုးရရဲ့ စီမံခန့်ခွဲပေးမှု၊ အကူအညီအပေးရေး အဖွဲ့တွေ ရင်ဆိုင်နေရပုံ၊ နေရပ်ရင်းမှာ ပြန်လည်နေထိုင်ခွင့် စတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ နှစ်နှစ် အတွင်း ဒုက္ခသည် ၆၀ ကျော်ရဲ့ ပြောဆိုချက်အပေါ် အခြေခံ ပြုစုထားတဲ့ အစီရင်ခံစာလို့ ဆိုပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */