VOA
ဗွီအိုအေ (မြန်မာဌာန)
ဇော်ထက်
ဇော်ထက်
18 ဇူလိုင္၊ 2019
ရခိုင်အသင်း(စင်္ကာပူ)
ရခိုင်လက်နက်ကိုင် AA ကိုငွေကြေးအရကူညီထောက်ပံ့တာ၊ ထောက်ခံ စည်းရုံးတာတွေ လုပ်တယ်ဆိုပြီး စင်္ကာပူအစိုးရက ပြည်နှင်ဒဏ်ပေးလိုက်တဲ့ ရခိုင်လူငယ် ၆ ဦး ကို မြန်မာလုံခြုံရေး တာဝန်ရှိသူတွေဖက်က ထိန်းသိမ်းထားပြီး၊ ခုအချိန်အထိ ဘယ်မှာ ထားရှိသလဲဆိုတာကို အတိအကျ အတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စအပေါ် မြန်မာအစိုးရဖက်ကလည်း တစုံတရာ ထုတ်ပြန်ပေးခြင်းမရှိသေးတာကြောင့် ရခိုင်လွှတ်တော် အမတ်တွေ ဖက်ကလည်း သူတို့ကိုဘယ်မှာ ထိန်းသိမ်းထားလဲ ဆိုတာတွေကို လိုက်လံ ကူညီစုံစမ်းမေးနေ ပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် စုံစမ်းမေးမြန်းထားတာပါ။